လူကို ချစ်သောဘုရား

အိုခြင်း၊ နာခြင်း၊ သေခြင်းနှင့် ကင်းလွတ်ပြီး ထာဝရ အသက်ရှင်သည့် စစ်မှန်သော နာမ်ဝိညာဉ် ဘုရားတဆူတည်းသာ ရှိ သည်။

ဘုန်းတန်ခိုးကြီးသည့် ဖန်ဆင်းရှင်ထာဝရဘုရားသည်အရာ ခပ်သိမ်းကို သိရှိတတ်စွမ်းနိုင်လျက်၊ နေရာတကာမှာ တပြိုင်တည်း ရှိပြီး၊ သန့်ရှင်းမြင့်မြတ်သောအရှင်ဖြစ်သည်။
ဘုရားသခင်၏ ကောင်းမြတ်ခြင်း၊ ချစ်ခြင်း၊ ဘုန်းတန်ခိုး ကြီးခြင်းသည် အနဂ္ဂဖြစ်ခြင်းကြောင့် မလျော့နိုင်၊ မကုန်မခမ်းနိုင် သည့်အတွက် ဝေမျှပေးကမ်းချင်သောအရှင်ဖြစ်သည်။ ဘုရားသခင် သည် နာမ်ဝိညာဉ်ကောင်းကင်နိုင်ငံတွင် စားပင်၊ သီးပင်များ၊ လှပ မွှေးကြိုင် သင်းပျံ့သည့် ပန်းမန်များ ကောင်းကင်တမန်များနှင့် သတ္တဝါမျိုးစုံ ဖန်ဆင်းထားသည်။
တဖန် နေ၊ လ၊ ကြယ်၊ ဂြိုလ်၊ ကမ္ဘာမြေကြီး၊ ဓါတ်သတ္တု၊ သီးပင်စားပင်များနှင့် သတ္တဝါမျိုးမျိုးကို မြင်နိုင်၊ ထိနိုင်သည့် ရုပ်အ ဖြစ် ဖန်ဆင်းပြန်သည်။
သန့်ရှင်းမြင့်မြတ်သည့် ဘုရားဖန်ဆင်းသမျှ သန့်ရှင်းမြင့် မြတ်ခြင်း၊ ကောင်းမြတ်ခြင်းရှိသည်။
ထာဝရဘုရားဖန်ဆင်းခဲ့သမျှ ထာဝရတည်စေဖို့ ရည်ရွယ် ပြီး ဖန်ဆင်းခဲ့သည်။
ဖန်ဆင်းထားသော အပင်အမျိုးမျိုးသာမက သတ္တဝါမျိုးမျိုး နှင့် လူယောကျ်ားလူမိန်းမတို့သည်၊ အို၊နာ၊သေခြင်း ကင်းလွတ်ကြ ၍ ခန္ဓာ၊ စိတ်၊ ဝိညာဉ်၊ ဖြူစင်မြင့်မြတ်ကြသည်။ တိရစ္ဆာန်လည်း ရိုင်းစိုင်းကိုက်ဖြတ်ခြင်းမရှိပါ။ တစ်ကမ္ဘာလုံးရှိ အပင်နှင့်သတ္တဝါ အားလုံး သာယာညီညွတ်ခြင်း ရှိခဲ့သည်။
ဘုရားသခင်သည် လူကိုမိမိပုံသဏ္ဍာန်တော်နှင့်အညီ ဖန် ဆင်းပြီး ဖန်ဆင်းထားသမျှကို အုပ်စိုးဖို့နှင့် နိုင်ဖို့ လူကို ခန့်အပ်ထား လိုက်သည်။ လူထဲအပြစ်မဝင်ခင်က လူနှင့်ဘုရားသင့်မြတ်ခြင်း၊ ဆက်သွယ်ခြင်း နေ့စဉ်ရှိခဲ့သည်။
လူသည် ဘုရားစကားကို နားမထောင်ဘဲ နတ်ဆိုးစကားကို နားထောင်ခြင်းကြောင့် လူထဲကို အို၊နာ၊သေခြင်းကို ခံစားရလေ တော့သည်။ ထိုအချိန်မှစ ကမ္ဘာလောကကြီးသည် လူ၏လက်ထဲမှ နတ်ဆိုး၏ ချည်နှောင်အုပ်စိုးခြင်းထဲသို့ ရောက်ခဲ့သည်။ လူအပေါင်း တို့သည် နတ်ဆိုး၏ ကျေးကျွန်အဖြစ်သို့၎င်း၊ အပြစ်၊ ငွေ၊ ပညတ် တရား၏ ကျွန်ခံရလေတော့သည်။

လွတ်မြောက်ရာလမ်း

အပြစ်နွံထဲနစ်ပြီး ဝဋ်ဆင်းရဲခံနေရသည့် လူသားများကို ရွေးနှုတ်ကယ်တင်ရန် ဘုရားသခင်သည် မိမိ၏သားတော်ကို လူ၊ ဇာတိခံယူစေခဲ့သည်။ လူနာမည် ယေရှုဟုခံယူကာ၊ လူတို့ခံရသည့် ဒုက္ခမျိုးစုံကို (၃၃)နှစ်ခွဲ ခံယူပြီး လူသားများ၏ခံရမည့် အပြစ်ဒဏ်၊ သေဒဏ်၊ အမင်္ဂလာကျိန်ခြင်းအတွက်၊ လူသားတစ်ဦးအဖြစ်အစား ဝင်လျက် ကိုယ်စားအသေခံခဲ့သည်။
လူအဖြစ်အသက်ရှင်သည့် (၃၃)နှစ်ခွဲပတ်လုံး ယေရှုသည် အပြစ်ကင်းစင်ခဲ့ခြင်းကြောင့် ကျွန်ုပ်တို့ကိုယ်စား အသေခံပေးဆပ် ခြင်းဖြစ်မြောက်ခဲ့သည်။
ယေရှုသည် ဤလောကသို့ ကြွမလာခင်က ဘုရားဖြစ်ခဲ့ သည်။ လူအဖြစ်လောကသို့ ကြွလာသည့်အခါ ဘုရား လည်း ဖြစ်၊ လူလည်းဖြစ် သည်။ သို့သော် (၃၃)နှစ်ခွဲပတ်လုံး လူအဖြစ်ဖြင့် မာရ် ငါးပါးကို အောင်မြင်ခဲ့ခြင်း ဖြစ်သည်။
အပြစ်သားကိုယ်စားအသေခံပြီးနောက် သုံးရက်မြောက်နေ့ တွင် သေခြင်းမှ ပြန်ရှင်ကား၊ တပည့်တော်များအား ရက် ၄၀ တိတိ ကိုယ်ထင်ရှားပြပြီး၊ ဘုရားသခင်၏ ချစ်ခြင်း၊ ခွင့်လွှတ်ခြင်းနှင့် ရွေး နုတ်ကယ်တင်ကြောင်း သတင်းကောင်းကို လူမျိုးတကာထံ သွား ရောက်သက်သေခံဟောကြားဖို့ မိန့်မှာခဲ့လျက် ကောင်းကင်နိုင်ငံသို့ ပြန်တတ်ကြွသွားခဲ့သည်။

လူသည် မိမိကိုယ်ကို မကယ်တင်နိုင်ပါ

ယနေ့ တည်ရှိနေသော ဘာသာတရားတိုင်းသည် ကောင်း သောအကျင့်ကျင့်ရန်၊ ပေးကမ်းဝေမျှကြရန် အဓိကထား လူသား တိုင်းကို လမ်းညွှန်သွန်သင်ပေးကြသည်။ “ယေရှုခရစ်တော်” သည် “သွန်သင်ခြင်း” ထက် “ကယ်တင်ခြင်း” အမှုကို အဓိကဆောင်ရွက် ပေးခဲ့သည်။ ယေရှုခရစ်တော်သည် “လူကို ချစ်သောဘုရား” ဖြစ် တော်မူသည်။ ဘာသာတရားသည် လူ့ဇာတိ၏ယိုယွင်းတတ်သော သဘောကို မပြောင်းလဲစေနိုင်ဘဲ ဘုရားသခင်ထံမှလာသော ကယ် တင်ခြင်း ကျေးဇူးအားဖြင့်သာ ပြောင်းလဲစေနိုင်ပါသည်။

မည်သည့် အတန်းလွှာ အသီးသီးမှ မည်သူမဆိုတစ်ကိုယ်ကောင်းဆန်ခြင်း၊ မောက်မာခြင်း၊ ရန်လိုမုန်းတီးခြင်း၊ လိမ်ညာလှည့်ဖျားခြင်း၊ မာန်မာ နကြီးခြင်း၊ လောဘရမ္မက်ကြီးခြင်း၊ ဟန်ဆောင်ခြင်း၊ ညစ်ညူးခြင်း များနှင့် မကင်းလွတ်နိုင်ပါ။ ထို့ကြောင့်လည်း လူသားများ ရှင်သန် နေထိုင်ရာ နေရာတိုင်း၌ ကြီးနိုင်ငယ်ညှင်းခြင်းများ၊ ငြူစူဝန်တိုခြင်း များနှင့် ပြိုင်ဆိုင်ခြင်းများကို တွေ့မြင်နေရသည်ဖြစ်ရာ လူသား တိုင်းသည် အမှားမကင်းနိုင်ကြောင်း ဝန်ခံကြရပေမည်။

လူကိုချစ်သောဘုရား

ဘုရားသခင်သည် လူသား၏ဝိညာဉ်ဆုံးရှုံးရန်မလိုလားပေ။ ယော၊ ၃:၁၆ – ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအ ပေါင်းတို့သည်၊ ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေ ခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည့်တိုင်အောင် လောကီသားကို ချစ်တော်မူ၏။
ဘုရားသခင်သည် လူသားများအား တန်ဖိုးထားချစ်နေ သည်ကို တွေ့ရပါသည်။ ခပ်သိမ်းသောအရာကို သိကျွမ်းတော်မူ သော ဘုရားသခင်သည် လူသားများအား ပျက်စီးဖို့ရန် အလိုမရှိ သောကြောင့် ကယ်တင်ခြင်းအလို့ငှါ ယေရှုခရစ်ကို ဤလောကသို့ စေလွှတ်၍ အပြစ်တရား၏ အဖိုးအခကို လက်ဝါးကပ်တိုင်ပေါ်မှာ အသေခံအသွေးသွန်းခြင်းအားဖြင့် ပေးဆပ်ခဲ့ပြီး သုံးရက်မြောက် သောနေ့တွင် သေခြင်းမှ ရှင်ပြန်ထမြောက်ခဲ့ပြီး သင်အပါအဝင် လူ သားအားလုံးကို ချစ်သောကြောင့် အဖိုးအခပေးခဲ့ခြင်းအားဖြင့် သူ၏ မေတ္တာကို ပြသခဲ့ပါသည်။
လူသည် ငြိမ်ဝပ်ခြင်းချမ်းသာရရန်၊ ဘုရားသခင်စေလွှတ် လက်ဆောင်ပေးသည့် ယေရှုခရစ်ကို လက်ခံသူအား ကောင်းကင် ဘုံဘုရားသခင်၏နိုင်ငံ၌ ဘုရားသခင်က လက်ခံထားခြင်းကြောင့် ယခုဘဝနှင့် နောင်ဘဝအတွက် ငြိမ်ဝပ်ခြင်းနှင့် စိတ်ချခြင်းရနိုင်ပြီ။ ဘုရားသခင်၏ အပြစ်ခွင့်လွှတ်ခြင်း ခံရခြင်းကြောင့် ငရဲမကျတော့ ပါ။ သံသရာဝဋ်ဆင်းရဲမှ ကျွတ်လွှတ်ခွင့်ရပြီ။
ထိုကြောင့် မိမိ၏ ကုသိုလ်ကောင်းမှုအကျင့်က မိမိကို မကယ်နိုင်ကြောင်း နောင်တရပါ။ မိမိကိုချစ်သနားပြီး အပြစ်လွှတ် သည့် ယေရှုခရစ်သာလျှင် မိမိကို ကယ်လွှတ်ကြောင်း ယုံကြည် လက်ခံပါ။ သင်၏အပြစ်သည် မည်မျှပင်ကြီးလေးနေပါစေ ဘုရား သခင်၏ရှေ့တော်၌ နောင်တဖြင့် ရိုသေစွာ တောင်းပန်ဝန်ချ၍ ဘု ရားသခင်ပြုတော်မူသည့် ကယ်တင်ခြင်း ကျေးဇူးတော်ကို ယုံကြည် လျက်ကယ်တင်ပိုင်ရှင်နှင့် အရှင်သခင်အဖြစ် ခရစ်တော်ဘုရားကို နှလုံးသားထဲ၌ လက်ခံလိုက်ပါ။ စစ်မှန်သည့် အပြစ်လွတ်ခြင်း မေတ္တာချမ်းသာနှင့် အသစ်သောငြိမ်သက်ခြင်းကို သင်ရယူခံစား ပိုင်ဆိုင်နိုင်ပြီဖြစ်သည်။

အောက်ပါဆုတောင်းချက်ကို အသံထွက်တောင်းလျှောက်ပါ။

“သခင်ယေရှုဘုရားသခင်၊ ကျွန်တော်/မ သည် အပြစ်သား တစ်ဦးဖြစ်ကြောင်း ဝန်ခံပါ၏။ ကျွန်တော်/မ ၏ အသက်တာ၌ ကျူး လွန်မိသောမကောင်းမှုအပြစ်များကို ခွင့်လွှတ်တော်မူပါ။ ယေရှု ခရစ်တော်ကို ကျွန်တော်/မ ၏ ကယ်တင်ရှင်အဖြစ် လက်ခံယုံ ကြည်ပါ၏။ ကျွန်တော်/မ ၏ စိတ်နှလုံးသားထဲသို့ ဝင်ရောက်ကိန်း ဝပ်တော်မူပါ။ သန့်ရှင်းသော ဝိညာဉ်တော်နှင့် ကိုယ်တော်အားဖြင့် ရတဲ့ အသက်တာသစ်ကို ကျွန်တော်/မအား ပေးသနားတော်မူပါ။ ကျွန်တော်/မ ၏ အသက်တာ တစ်လျှောက်လုံးကို ကိုယ်တော် လက်တော်သို့ အပ်နှံပါ၏။ ကျွန်တော်/မ ကို အပြစ်ငရဲမှ ကယ်တင် သောကြောင့်လည်း ကျေးဇူးတင်ပါတယ်။ သခင်ယေရှု၏ နာမ၌ ဆုတောင်းပါ၏။ အာမင်”

သင်၏ဆုံးဖြတ်ချက်

  • ဤဝေစာကို ဖတ်ရှုခြင်းအားဖြင့် ယေရှုခရစ်တော်အကြောင်း ကို ကျွန်ုပ်ပိုမိုသိလိုပါသည်။
  • သမ္မာကျမ်းပိုင်းစာအုပ်ကို ပို့ပေးစေလိုပါသည်။
  • ဟောပြောချက်သတင်းစကားကို ဖတ်ရှုပြီးနောက် ယေရှု ခရစ်တော်ကို ကျွန်ုပ်၏ကယ်တင်ရှင်အဖြစ်လက်ခံလိုက်ပါပြီ အခမဲ့သမ္မာကျမ်းစာ စာပေးစာယူသင်ခန်းစာများကို ကျွန်ုပ် ထံပို့ပေးစေလိုပါသည်။
  • ကျွန်ုပ်သည် ခရစ်ယာန်တစ်ဦးဖြစ်ပါသည်. ဤဟောပြော ချက်ကို ဖတ်ရှုပြီးနောက် ကျွန်ုပ်၏အသက်တာကို ဘုရားရှင် ထံ ဆက်ကပ်လိုပါသဖြင့် မိတ်ဆွေ၏ ဧဝံဂေလိ ပြန့်ပွားရေး လုပ်ငန်း၌ ပါဝင်လှုပ်ရှားလိုပါသည်။
ဦး/ဒေါ်/မောင်/မ
အသက်
ကိုးကွယ်သည့်ဘာသာ
လိပ်စာ
တယ်လီဖုန်း
ပေးပို့ရမည့်လိပ်စာ
စာတိုက်သေတ္တာ (၃၈၅)၊ ဗဟိုစာတိုက်ကြီး၊ ရန်ကုန်မြို့။ ၁၁၀၆၂
Join With Us