မိတ်ဆွေ သင်စိတ်ပျော်ပါရဲ့လား?

စိတ်ပျော်ရွှင်ခြင်းဆိုတာ ဘာလဲ?

စိတ်ပျော်ရွှင်ခြင်းဆိုသည်မှာ စိတ်၏အခြေအနေ တစ်ခုပင် ဖြစ်ပါသည်။ စိတ်ပျော်ရွှင်သောသူသည် စိတ်ထဲ၌ ငြိမ်သက်မှုရှိပြီး၊ ရောင့်ရဲတင်းတိမ်မှုရှိပါသည်။ ဤစိတ်ငြိမ်းချမ်းသာမှုနှင့် စိတ်ပျော် ရွှင်မှုများကို ငွေကြေးနှင့် ဝယ်ယူ၍ မရနိုင်ပါ။ ဘဝအောင်မြင်မှုများ နှင့် ယှဉ်၍ တိုင်းတာ၍မရပါ။ ရုပ်ဝတ္ထုပစ္စည်းများမှ ပေါ်ထွက်လာ သောအရာမဟုတ်ပါ။ ထို့ကြောင့် စိတ်ပျော်ရွှင်မှုကို ငွေကြေးဥစ္စာ ပစ္စည်းတို့၌ သင်ရှာဖွေနေပါလျှင် အမှန်ပင် စိတ်ပျက်ရပါလိမ့်မည်။ စိတ်ငြိမ်းချမ်းသာယာမှုနှင့် ရောင့်ရဲတင်းတိမ်တတ်သော သဘော တို့၏ လျှိူ့ဝှက်ချက်ကို ရှာဖွေတွေ့ရှိနိုင်ပါလျှင် စိတ်ပျော်ရွှင်ခြင်း၏ လျှို့ဝှက်ချက်လည်း သင်အမှန်ပင်တွေ့ရှိပါလိမ့်မည်။
ဤလျှို့ဝှက် ချက်ကို ကျွန်ုပ်နှင့်အတူ၊ ရှာဖွေလိုပါသလား၊ သေချာစွာစဉ်းစားပါ။ ရယူရန်စိတ်ဆန္ဒရှိပါသလား၊ အမှန်ပင်ရယူလိုပါသလား။ ယခု ကျွန်ုပ်ပြောမည့် စကားလုံးကို သင်ကြိုချင်မှ ကြိုက်ပါမည်။ သင်နား လည်ရန်ပင် ခက်ခဲပါလိမ့်မည်။ ကျွန်ုပ်ပြောလိုသည့် စကားလုံးမှာ ‘အပြစ်’ ဟူသော စကားလုံးတစ်လုံးသာ ဖြစ်ပါသည်။ သင်ကြိုက် သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ သိထားရမည့်အချက်မှာ ‘အပြစ်’ သည် ပျော်ရွှင်ခြင်းကို မရနိုင်အောင် တားဆီးနိုင်သည်။ ဤစကား လုံးကို သင်ရင်မဆိုင်ဝံ့ပါလျှင် သင်သည် မည်သည့်အခါမျှ မပျော်ရွှင် နိုင်ပါ။ အပြစ်နှင့်ပတ်သက်၍ ရင်ဆိုင်တုံ့ပြန်မှုတစ်ခုခု မပြုလျှင် ထို အပြစ်မှ မည်သည့် အခါမှ မလွတ်မြောက်နိုင်ပါ။
‘အပြစ်ဆိုတာ မရှိ ပါဘူး’ ဟု သင်သည် မျက်စိမှိတ်၍ အော်ပြောနေပါသော်လည်း အပြစ်သည် သင့်အထဲမှာသော်လည်းကောင်း၊ သင့်ပတ်ဝန်းကျင်မှာ သော်လည်း၊ အမြဲရှိနေပါသည်။

  • အပြစ်သည် ဂုဏ်သိက္ခာ အားလုံးကို ပျက်ပြားစေသည်။
  • အပြစ်သည် အဆုံး၌သေခြင်းကို ဖြစ်စေသည်။

အပြစ်ဟုဆိုရာ၌ အရက်သောက်ခြင်း၊ လောင်းကစားခြင်း၊ ခိုး ခြင်း၊ လှည့်စားခြင်း၊ ကျိန်ဆဲခြင်း၊ လူသတ်ခြင်း စသည့်လုပ်ရပ်များ ကို ကျွန်ုပ်တို့ စဉ်းစားမိပါလိမ့်မည်။ အထူးပြောစရာမလိုပါ။ ဤ အရာများသည် အပြစ်များပင်ဖြစ်ပါသည်။ သို့သော် ကျွန်ုပ်ပြောလို သည့်အပြစ်မှာ ဝမ်းမြောက်ခြင်းကို တားဆီးနိုင်သည့် အဖြေဖြစ် သည်သာမက သင်နှင့်တိုက်ရိုက်သက်ဆိုင်နေပါသည်။

အပြစ်ဆိုတာဘာလဲ?

အပြစ်ဆိုသည်မှာ “ လူသားအတွက် ဘုရားရှင်က ချမှတ် ထားသော စံချိန်ကို မမီနိုင်ခြင်းဖြစ်သည်။” (ရောမ၊ ၃:၂၃) … အပြစ် ဆိုသည်မှာ “ ဘုရားရှင်၏ ပညတ်တော်များကို လွန်ကျူးခြင်းဖြစ်၏” (၁ယော၊ ၃:၄) … အပြစ်ဆိုသည်မှာ “ ကောင်းသောအရာကို သိ လျက်နှင့် မလုပ်နိုင်ခြင်းဖြစ်၏” (ယာ၊ ၄:၁၇) … အပြစ်ဆိုသည်မှာ “ ဘုရားရှင်ကို မယုံကြည်နိုင်ခြင်းပင်ဖြစ်၏။” (ယော၊ ၁၆:၉) တစ်နာ ရီမျှ ငြိမ်သက်စွာဖြင့် မိမိ၏အသက်တာကို သစ္စာရှိရှိပြန်လည်စဉ်း စားပါ။ မိတ်ဆွေများနှင့် ဆက်ဆံမှု၌ သင့်ကို သူတို့ယုံကြည်စိတ်ချပါ သလား။ စီးပွါးရေးလုပ်ငန်း၌လည်း သင်သစ္စာရှိရှိလုပ်ဆောင်ပါသ လား။ သင်၏နေ့စဉ်အသက်တာတွင် မိဘများအပေါ်ထားရှိသော သဘောထား၊ အခြားသူများနှင့် ပတ်သက်၍ စဉ်းစားသောအတွေး၊ ဤအရာတို့သည် မည်သို့ရှိပါသလဲ။ သင်အပြစ်မလုပ်ခဲ့ဖူးဘူးဟု ပြောနိုင်ပါသလား။ ဤမေးခွန်းအတွက် တိကျသောအဖြေကိုပေး ရန် သင့်အဖို့ခက်ခဲပါလိမ့်မည်။

သင်အနည်းငယ် စိတ်ရှုပ်ထွေးခြင်းရှိ နိုင်ပါသည်။ ငါ၌ အပြစ်မရှိဟုမပြောနိုင်ကြောင်း သမ္မာကျမ်းစာ၏ ဖော်ပြထားချက် ကို သင်သဘောတူပါလိမ့်မည်။ “ ငါ၌အပြစ်မရှိ” ဟု ဆိုလျှင် ကျွန်ုပ် တို့သည် ကိုယ့်ကိုကိုယ် လှည့်စားသူများဖြစ်ပါသည်။ ဘုရားရှင်၏ မိန့်ဆိုချက်မှာ လူသားအားလုံးသည် ချွင်းချက်မရှိဘဲ အပြစ်ကိုပြုမိ သဖြင့် ပျော်ရွှင်ခြင်း၏အုတ်မြစ်ဖြစ်သည့် ကျွန်ုပ်တို့အတွက် ဘုရား ရှင်သတ်မှတ်ထားသည့် စံချိန်ကို မမီနိုင်ကြပါ။

အပြစ်တရား၏ အခကား သေခြင်းပေတည်း

ဤအရာသည် အပြစ်ပင်ဖြစ်ပါသည်။ အထူးရှင်းပြစရာမ လိုပါ။ ယခု အပြစ်၏အဓိပ္ပါယ်နှင့် အကျိုးများကို ကျွန်ုပ်တို့ သိရှိရပါ ပြီ။ ဤအပြစ်ပြဿနာကို ဖြေရှင်းနိုင်သည့်နည်းလမ်းကို ကျွန်ုပ်တို့ ရှာဖွေတွေ့ရှိနိုင်ပါလျှင် စိတ်ပျော်ရွှင်ခြင်းကို အမှန်ပင်ရရှိနိုင်ပါ သည်။ စစ်မှန်သောပျော်ရွှင်ခြင်းသည် ခရစ်တော်တစ်ပါးတည်း၌သ သာ ရှိပါသည်။

အကြောင်းမှာ ယေရှုခရစ်တော်သည် အပြစ်နှင့် ကင်းစင်၍ လူသားအားလုံးအတွက် အပြစ်၏အခဖြစ်သော သေခြင်း ကို ပေးလျက်ရွေးနုတ်ခဲ့သည်သာမက ရှင်ပြန်ထမြောက်တော်မူ သော ဘုရားရှင်ဖြစ်ခဲ့သည်။ ထို့ကြောင့် လောကီသားအပေါင်းတို့၏ အပြစ်ဖြေစရာအကြောင်းဖြစ်ခဲ့ပါသည်။

သင်လုပ်ဆောင်ရမည့်အပိုင်း

တစ်စုံတစ်ရာလုပ်ဆောင်ရန် သင်၌တာဝန်ရှိပါသည်။ သင့် အပြစ်များအတွက် နောင်တရပါ။ ကျိုးပဲ့ကြေမွသော နောင်တစိတ် နှင့် အပြစ်များကို ဝန်ခံ၍ မိမိအပြစ်ကို ယူဆောင်သွားသော အရှင် သခင်အား စိတ်နှလုံးအတွင်းသို့ ခေါ်ဖိတ်ပါ။ ဘုရားရှင်သည် အပြစ် သားများအား ဝမ်းမြောက်စွာ ကြိုဆိုလျက်ရှိပါသည်။
တစ်ခုတည်းသော အကြောင်းကြောင့် ယေရှုခရစ်တော် သည် ဤလောကသို့ ကြွလာခဲ့ခြင်းဖြစ်သည်။

ထိုအကြောင်းအရာ ကား၊ အပြစ်ကြောင့် ကြွလာခြင်းပင်ဖြစ်ပါသည်။ ယေရှုခရစ်တော် သည် အပြစ်သားကိုချစ်သော်လည်း အပြစ်ကို ရွံရှာပါသည်။ စစ်မှန် သော နောင်တနှင့် အပြစ်များကို ဝန်ချသော ဘုရားရှင်ထံ ချဉ်းကပ် လာလျှင် စိတ်ပျော်ရွှင်ခြင်း၊ ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းနှင့် အ သစ်သောအသက်တာကို သင်ရယူနိုင်ပါသည်။ သင်နောက်ဆုံးလုပ် ဆောင်ရမည့်အရာတစ်ခုသာ ကျန်ပါတော့သည်။ ဤလုပ်ဆောင်မှု သည် အရေးအကြီးဆုံး ဖြစ်ပါသည်။ ဝမ်းမြောက်ခြင်းကို ရရှိနိုင်ရန် အတွက် ယေရှုခရစ်တော်ကို သင့်အသက်တာထံသို့ မိမိကယ်တင် ရှင်နှင့် အရှင်သခင်အဖြစ် ခေါ်ဖိတ်လက်ခံခြင်းသည် ပထမခြေလှမ်း ဖြစ်ပါသည်။ ပြောခဲ့သည့်အတိုင်း ယေရှုသည် သင့်စိတ်နှလုံးအပြင် ဘက်၌ ရပ်စောင့်နေပါသည်။ ရိုးသားစွာဖြင့် ယေရှုကို သင်လက်ခံ ခေါ်ဖိတ်လိုက်သည့်အချိန်တွင် ထိုအရှင်သည် သင့်အသက်တာထဲ သို့ ဝင်ရောက်လာပါမည်။ ထိုအရှင်၏ ခေါ်ဖိတ်သံကို နားထောင်ပါ။

“ ဝန်လေး၍ ပင်ပန်းသူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည် ချမ်းသာပေးမည်။” (မဿဲ၊ ၁၁:၂၈) … “ ငါသည်လမ်းခရီးဖြစ်၏၊ သမ္မာတရားလည်းဖြစ်၏၊ အသက်လည်းဖြစ်၏။” (ယော၊၁၄:၆) .. “ ငါအမှန်ဆိုသည်ကား၊ ငါ့ကို ယုံကြည်သောသူသည် ထာဝရ အ သက်ကိုရ၏။” (ယော၊ ၆:၄၇)။ ယေရှုခရစ်တော်ကို သင်မည်ကဲ့သို့ လက်ခံနိုင်ပါသလဲ။ ယုံကြည်မှုနှင့် စိတ်ချစွာအားကိုးမှုဖြင့်သာ ထို အရှင်ကိုလက်ခံနိုင်ပါသည်။ သင့်စိတ်ပျော်ရွှင်ခြင်းအတွက် လိုအပ် မှုအားလုံးသည် ခရစ်တော်၌သာ ရှိပြီးဖြစ်ပါသည်။ ဤစိတ်ပျော်ရွှင် ရခြင်းအခွင့်ကို ထိုအရှင်သည် သင့်အား ယခုပင် ပေးလိုပါသည်။ သင်ယုံကြည်လက်ခံလိုက်ခြင်းဖြင့် သင်၏ စိတ်ပျော်ရွှင်မှုကို အခမဲ့ လက်ဆောင်အဖြစ် ရယူလိုပါသလား၊ သို့တည်းမဟုတ် ထိုအရှင်ကို ငြင်းပယ်ပြီး၊ သင်၏လက်ရှိအခြေအနေအတိုင်းသာ နေလိုပါသလား လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်သည် သင့်၌ရှိပါသည်။

သင်စိတ်ပျော်ရွှင်ပါရဲ့လား?

အရှင်ယေရှုခရစ်တော်ကို ဦးစွာယုံကြည်ပါ၊ သို့မှသာ သင် သည် ဤမေးခွန်းကို ‘ဟုတ်ကဲ့၊ ကျွန်တော်အခု စိတ်ပျော်ရွှင်ပါပြီ’ ဟု သင်ဖြေနိုင်ပါလိမ့်မည်။ စိတ်ပျော်ရွှင်ခြင်းကို အမှန်တကယ်လိုလား လျှင် ဤသို့ဆုတောင်းပါ။
“ ယေရှုဘုရား၊ ကျွန်တော်/မ ၏ စိတ်နှလုံးတွင်းတွင် ကျိန်း ဝပ်၍ စိတ်ပျော်ရွှင်မှုကို ပေးပါ။ ကျေးဇူးတင်ပါသည် ယေရှုဘုရား” ဟု ဆုတောင်းပါ။
ဘုရားရှင်သည် မိတ်ဆွေအား အလွန်အံ့ဩဖွယ် ကောင်း သောအဖြေကို ပေးပါလိမ့်မည်။ စိတ်ပျော်ရွှင်မှုကို ပေးပိုင်သော အရှင်အကြောင်းကို ပိုမိုသိလိုလျှင် စိတ်ပျော်ရွှင်မှုကို ရလိုသူ တိုင်းအား (ပျော်ရွှင်သော အသက်တာသို့ သွားရာလမ်း) သင်ခန်းစာ များကို မေတ္တာလက်ဆောင် ပေးပို့မည်ဖြစ်၍ ပူးတွဲပါ ဆုံးဖြတ်ချက် ကို ဖြတ်ပိုင်းတွင် လိုအပ်သည့်အချက်ကို အမှတ်အသားပြု၍ လိပ် စာအတိုင်း ပို့ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

သင်၏ဆုံးဖြတ်ချက်

  • ဤဝေစာကို ဖတ်ရှုခြင်းအားဖြင့် ယေရှုခရစ်တော်အကြောင်း ကို ကျွန်ုပ်ပိုမိုသိလိုပါသည်။
  • သမ္မာကျမ်းပိုင်းစာအုပ်ကို ပို့ပေးစေလိုပါသည်။
  • ဟောပြောချက်သတင်းစကားကို ဖတ်ရှုပြီးနောက် ယေရှု ခရစ်တော်ကို ကျွန်ုပ်၏ကယ်တင်ရှင်အဖြစ်လက်ခံလိုက်ပါပြီ အခမဲ့သမ္မာကျမ်းစာ စာပေးစာယူသင်ခန်းစာများကို ကျွန်ုပ် ထံပို့ပေးစေလိုပါသည်။
  • ကျွန်ုပ်သည် ခရစ်ယာန်တစ်ဦးဖြစ်ပါသည်. ဤဟောပြော ချက်ကို ဖတ်ရှုပြီးနောက် ကျွန်ုပ်၏အသက်တာကို ဘုရားရှင် ထံ ဆက်ကပ်လိုပါသဖြင့် မိတ်ဆွေ၏ ဧဝံဂေလိ ပြန့်ပွားရေး လုပ်ငန်း၌ ပါဝင်လှုပ်ရှားလိုပါသည်။
ဦး/ဒေါ်/မောင်/မ
အသက်
ကိုးကွယ်သည့်ဘာသာ
လိပ်စာ
တယ်လီဖုန်း
ပေးပို့ရမည့်လိပ်စာ
စာတိုက်သေတ္တာ (၃၈၅)၊ ဗဟိုစာတိုက်ကြီး၊ ရန်ကုန်မြို့။ ၁၁၀၆၂
Join With Us