လူ၏အသက်ရှင်ခြင်းနှင့်တမလွန်ခရီး

လူ၏အသက်ရှင်ခြင်းနှင့် တမလွန်ခရီး

လူသည် မွေးဖွားခြင်းနှင့် လူ့ဘဝကို အစပြုခဲ့ကြပါသည်။ ထိုသို့မွေးဖွားခြင်းနေ့ရက်မှ သေဆုံးခြင်းနေ့ရက်ရောက်သည့်အထိ အချိန်ကာလကို လူတစ်ယောက်၏ အသက်ရှင်ခြင်းဟု သတ်မှတ်နိုင်ပါသည်။ ထိုအသက်ရှင်ခြင်းနေ့ရက်များကို လူ့ဘဝခရီးဟုတင်စားခေါ်ဝေါ်ကြပါသည်။ လူများသည် ဘာကြောင့်မွေးဖွားလာကြသနည်း။ ထိုမေးခွန်း၏အဖြေကို နှုတ်ကပတ်တော်သမ္မာကျမ်းစာအတိုင်းဖြေရလျှင် ဘုရားသခင်၏ ဖန်ဆင်ခြင်းမှ အစပြုခဲ့ခြင်းဖြစ်ပါသည်။(က၊၁:၂၇-၂၈)။ ဘုရားသခင်သည် လူယောက်ျားနှင့်လူမိန်းမကို ဖန်ဆင်းပြီး များပြားစွာမွေးဖွား၇◌န် အလိုတော်ရှိခဲ့ပါသည်။ ဘုရားသခင်သည် အာကာသမိုးကောင်းကင်အလုံးစုံ သက်ရှိသက်မဲ့၊ မြင်ရသောရူပအရာ မမြင်ရသောအရူပအရာအလုံးစုံကို ဖန်ဆင်းတော်မူခဲ့ပါသည်။ ဖန်ဆင်းခြင်းနှင့် ကင်းလွတ်သောအရာ တစ်စုံတစ်ခုမျှမရှိပါ။ ဘုရားသခင်သည် လူကို ဖန်ဆင်းသောအခါ ထာဝရအသက်နှင့် ပြည့်စုံစွာဖန်းဆင်းခဲ့ပါသည်(က၊၁:၂၇)။ ဆိုလိုသည်မှာ ဖန်ဆင်းပြီးခါစကာလများက လူတွင် သေဆုံးခြင်းမရှိပါ။ မိတ်ဆွေအနေနှင့် မေးခွန်းတစ်ခုမေးကောင်းမေးနိုင်ပါသည်။ ယခုအခါ လူတို့သည် အဘယ့်ကြောင့် သေဆုံးကြသနည်း။

လူ၏အစပထမသေဆုံးခြင်းမရှိသော်ငြားလည်း နောက်ပိုင်းတွင် အပြစ်တရားဝင်ရောက်လာသောကြောင့် လူတို့သက်တမ်းသည် ထာဝရအသက်ရှင်ခြင်းမရှိတော့ဘဲ သင်္ခါရဆိုသော သေဆုံးပျက်စီးခြင်းသို့ ရောက်ရှိသွားပါသည်။ ထိုအချိန်မှစပြီး လူသည် တမလွန်ဟုဆိုသော သေခြင်းတရားကို ရင်ဆိုင်ကြရပါသည်။ လူ၏သေဆုံးခြင်းအစသည် ပထမဦးဆုံး လူသားများဖြစ်သော အာဒံနှင့်ဧဝတို့ ဘုရားသခင်၏စကားကို နားမထောင်ခြင်းအပြစ်လွန်ကျူးခြင်းဖြစ်ပါသည်။ ထိုအချိန်မှစပြီး လူတို့သည် မွေးဖွားခြင်းနှင့် သေဆုံးခြင်းကိုရင်ဆိုင်ကြုံတွေ့လာရပါသည်။ အပြစ်တရား၏အခကား သေခြင်းပင်ဖြစ်ပါသည်(ရော၊၃:၂၃)။ ဘုရားသခင်၏စကားကို နားမထောင်ခြင်း၊ ဘုရားသခင်၏ပညတ်ချက်ကိုချိုးဖောက်လိုက်ခြင်းကြောင့်ဖြစ်ပါသည်။ ဘုရားသခင်သည် အာဒံနှင့်ဧဝအပြစ်ပြုလုပ်လိုက်မှ အပြစ်ပေးခြင်းမဟုတ်ပါ။ အစပထမကတည်းက ဘုရားသခင်၏စကားတော်ပညတ်ချက်ကို ဖောက်ဖျက်လွန်ကျူးလျှင် အဖိုးအခအဖြစ်သေခြင်းကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း ကြိုတင်သတိပေးထားပြီးသားဖြစ်ပါသည်။ ဘုရားသခင် ချမှတ်ထားသော စည်းကမ်းပညတ်ချက်သည် အာဒံနှင့်ဧဝ မလိုက်လျှောက်နိုင်သော စည်းကမ်းတားမြစ်ချက်မဟုတ်ပါ။ လိုက်လျှောက်နိုင်သော စည်းကမ်းပညတ်ချက်ဖြစ်ပါသည်။ သူတို့အဘယ့်ကြောင့် လွန်ကျူးဖောက်ဖျက်ကြသနည်း။ စာတန်မာရ်၏ သွေးဆောင်ဖြားယောင်းမှုကြောင့်ဖြစ်ပါသည်။ ဘုရားသခင်၏ စကားနားမထောင်ဘဲ စာတန်မာရ်နတ်၏စကားကို နားထောင်လိုက်မိသောကြောင့် သူတို့သည် သေခြင်းတရားကို ရင်ဆိုင်ရသလို တမလွန်တွင်လည်း စာတန်မာရ်နတ်အတွက် ပြင်ဆင်ထားသော ငရဲသို့ ထာဝရကာလအပြစ်ပေးခံရကြပါသည်။ ယခုခေတ်အသုံးအနှုန်းပြောရလျှင် လူပေါင်းမှားသွားခြင်း၊ ဆရာတင်မှားသွားခြင်းပင်ဖြစ်ပါသည်။ အာဒံနှင့်ဧဝတို့ကြောင့် အပြစ်တရားသည် လူမျိုးနွယ်အားလုံးထံသို့ ဝင်ရောက်သွားတော့သည်။ ထို့ကြောင့် လူသားအားလုံးသည် မိခင်၏ကိုယ်ဝန်ဆောင် သည့်အချိန်ကတည်းက အပြစ်သားဖြစ်လာပါသည်။

အပြစ်သားအဖြစ် မွေးဖွားလာပါသည်(ဆာလံ၊၅၁:၅)။ ဘုရားသခင်သည် လူသားကို ဘုရားသားအဖြစ်ဖန်ဆင်းသော်ငြားလည်း စာတန်မာရ်နတ်၏စကားကို နားထောင်လိုက်မိသောကြောင့် အပြစ်သားဖြစ်သွားပါသည်။ စာဖတ်သူသည်လည်း လူသားတစ်ယောက်ဖြစ်သောကြောင့် ပညာရှိဖြစ်စေ၊ ပညာမတတ်သောသူဖြစ်စေ၊ လူချမ်းသာဖြစ်စေ၊ လူဆင်းရဲဖြစ်စေ၊ လူသားအားလုံးသည် အပြစ်သားဖြစ်မွေးဖွားလာခဲ့ကြပါသည်။ စာဖတ်သူကို အပြစ်သားဖြစ်ကြောင်း စွပ်စွဲပြစ်တင်ခြင်းမဟုတ်ပါ။ အဖြစ်မှန်သရုပ်မှန်ကိုသာ ဖော်ပြခြင်းဖြစ်ပါသည်။ အပြစ်သားတစ်ယောက်၏တမလွန်သည် အပါယ်ငရဲသာဖြစ်ပါသည်။ ထိုအပြစ်ငရဲမှလွတ်မြောက်ရန် လူသည် မိမိကိုယ်ကိုကြိုးစားအားထုတ်ကျင့်ကြံခြင်းဖြင့် မရရှိနိုင်ပါ။ အပြစ်ရှိသောလူသား၏ ကုသိုလ်ကောင်းမှုဒါန။ သီလကျင့်ကြံတရားအားထုတ်ခြင်းသည် ငရဲမှလွတ်မြောက်ရန်လူသည် မိမိကိုယ်ကိ ကြိုးစားအားထုတ်ကျင့်ကြံခြင်းဖြင့် မရရှိနိုင်ပါ။ အပြစ်ရှိသော လူသား၏ကုသိုလ်ကောင်းမှုဒါနသီလကျင့်ကြံတရားအားထုတ်ခြင်းသည် ငရဲမှလွတ်မြောက်နိုင်သော ပြီးပြည့်စုံသောအကျိုးရလဒ်ကို မရရှိနိုင်ပါ။ ညစ်ပတ်နေသောရေဖြင့် အဝတ်ကိုဖြူစင်အောင် မလျှော်နိုင်ပါ။ ထို့ကြောင့် လူသည် တမလွန်တွင် ကျိန်းသေငရဲသို့ သွားရမည်ဖြစ်ပါသည်။

ဘုရားသခင်သည် လူကိုဖန်ဆင်းပါသည်။ ဖန်ဆင်းထားသောလူသားများငရဲသို့သွားခြင်းကို အလိုတော်မရှိပါ။ ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက် ထာဝရအသက်ကိုရစေခြင်းငှါ၊ တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည့်တိုင်အောင် လောကီသားတို့ကိုချစ်တော်မူ၏(ယော၊၃:၁၆)။ လောကီသားဆိုသည်မှာ အပြစ်ရှိသောလူသားအားလုံးဖြစ်ပါသည်။ ထိုလူသားများငရဲမှ ကယ်တင်ခြင်းရရှိရန် သားတော်ယေရှုခရစ်တော်ကို မိမိကယ်တင်ပိုင်ရှင်အဖြစ် ယုံကြည်လက်ခံလျှင် အပြစ်သားမှ ဘုရားသားအဖြစ် သန့်ရှင်းသောဝိညာဉ်တော်၏အသစ်ပြုပြင်မွေးဖွားခြင်းကို သင်ရရှိမည်ဖြစ်ပါသည်။ သင်တမလွန်သည် ငရဲသို့ မသွားရဘဲ ထာဝရဘုရားစိုးစံတည်ရှိသောကောင်းကင်နိုင်ငံတော်သို့ ရောက်ရှိမည်ဖြစ်ပါသည်။ စာဖတ်သူသည် ဖြစ်ခြင်းကို ကြုံတွေ့ရပြီးဖြစ်ပါသည်။ ဥပမာဆိုရသော် စာဖတ်သူ၏မိဘများကို ရွေးချယ်ခွင့်မရှိပါ။ သင်၏မိဘက မြန်မာလူမျိုးဖြစ်လျှင် သင်လည်းမြန်မာလူမျိုးအဖြစ်မွေးဖွားခြင်းခံရမည်ဖြစ်သည်။ သင်မိဘ၏လူမျိုးအတိုင်း သင်သည် ထိုလူမျိုးဖြစ်ရပါမည်။ ဆိုလိုသည်မှာ အပြစ်သားဖြစ်သောမိဘမှ သင်မွေးဖွားလာသောကြောင့် သင်သည် ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ သင်သည် အပြစ်သားအဖြစ်မွေးဖွားလာခြင်းဖြစ်ပါသည်။ အပြစ်သားတမလွန်ခရီးသည် ငရဲပင်ဖြစ်ပါသည်။ သူလျှောက်နေသော တမလွန်ခရီးလမ်းမှာ ရွေးချယ်စရာလမ်းတစ်လမ်းရှိပါသည်။ ထိုလမ်းမှာ ယေရှုခရစ်တော်တည်းဟူသော ကောင်းကင်နိုင်ငံသို့ သွားသောလမ်းဖြစ်ပါသည်။ သင်သည် ယေရှုခရစ်တော်ကို မိမိကယ်တင်ပိုင်ရှင်သခင်ဘုရားအဖြစ် ယုံကြည်လက်ခံလျှင် သင်သွားရမည့် ငရဲမှ လွတ်မြောက်ပြီး ကောင်းကင်နိုင်ငံသားအဖြစ် သင်ရရှိမည်ဖြစ်ပါသည်။ ထာဝရအသက်ကိုလည်း ပိုင်ဆိုင်ရရှိမည်ဖြစ်ပါသည်။

ခရစ်တော်ဘုရားသည် လောကလူသားများကို အပြစ်မှ ကယ်လွတ်ရန် ဘုရားဇာတိကို စွန့်လွှတ်ပြီး လူ့ဇာတိအဖြစ်သို့ နိမ့်ကျစွာခံယူခဲ့ပါသည်။ ယေရှုခရစ်တော်သည် သန့်ရှင်းသောဝိညာဉ်တော်တန်ခိုးတော်အားဖြင့် သန့်ရှင်းသောအပျိုကညာမယ်တော်မာရိထံတွင် ကိုယ်ဝန်ဆောင်ပြီး ယေရှုအမည်ဖြင့် မွေးဖွားခဲ့ပါသည်။ လူ့လောကတွင် နှစ်ပေါင်းသုံးဆယ့်သုံးနှစ်တိုင် လူသားတစ်ယောက်အဖြစ် အသက်ရှင်ခဲ့ပြီး သေသောသူများကို ရှင်ပြန်ထမြောက်စေခဲ့ပါသည်။ အနာရောဂါများကို ငြိမ်းစေခဲ့ပါသည်။ ထူးဆန်းအံ့ဩဘွယ်ကောင်းသောနမိတ်လက္ခဏာများကို ပြသခဲ့ပါသည်။ လူသားအားလုံးအပြစ်လွတ်ရန် လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံခဲ့ပါသည်။ သုံးရက်မြောက်သောနေ့တွင် သေခြင်းမှရှင်ပြန်ထမြောက်တော်မူသော နိမိတ်လက္ခဏာကို ပြတော်မူခဲ့ပါသည်။ ရက်လေးဆယ်တိုင်အောင် သူ၏တပည့်တော်များနှင့်နေထိုင်ပြီးနောက် ကောင်းကင်ဘုံသို့ ပြန်တက်ကြွတော်မူခဲ့ပါသည်။ ထိုနောက် သူ့ကို ယုံကြည်သောသူများကို ပြန်လည်သိမ်းဆည်းရန်နှင့် လောကကြီးကို တရားစီရင်ရန် ပြန်လည်ကြွလာမည်ဖြစ်ပါသည်။ ယခုအချိန်ကာလသည် ယေရှုခရစ်တော်ပြန်လည်ကြွလာချိန်နီးကပ်လာပြီးဖြစ်ပါသည်။ လောကတွင် သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူသော ဘုရားသည် ယေရှုခရစ်တော်ဘုရားတစ်ပါးတည်းသာရှိပါသည်။

သင်သည် ယေရှုခရစ်တော်ကို မိမိ၏ကယ်တင်ပိုင်ရှင်အဖြစ် ယုံကြည်လက်ခံလျှင် အသစ်သောအသက်တာကို ရရှိမည်ဖြစ်သည်။ အသစ်သောအသက်တာကို ရရှိလိုသောသူသည် မိမိအသက်တာဟောင်းအကျင့်စရိုက်အပြုအမူအလေ့အထများကို မှားကြောင်းဝန်ခံနောင်တရရှိရမည်ဖြစ်ပါသည်။ သင်သည် ယေရှုခရစ်တော်ကို မိမိကယ်တင်ပိုင်ရှင် သခင်ဘုရားအဖြစ် ယုံကြည်လက်ခံရန် ဆုံးဖြတ်ပါက အောက်ပါဆုတောင်းချက်ကိုလိုက်ဆုတောင်းပါ။

“သခင်ယေရှုဘုရား ကိုယ်တော်ကို မိမိ၏ကယ်တင်ပိုင်ရှင်အဖြစ် ယုံကြည်လက်ခံပါ၏။ အကျွန်ုပ်၏အသက်တာဟောင်းမှ အပြုအမူအကျင့်စရိုက်အလေ့အထများကို မှားကြောင်းဝန်ခံနောင်တရပါပြီ။ အကျွန်ုပ်၏စိတ်နှလုံးထဲတွင် ကယ်တင်ပိုင်ရှင်သခင်ဘုရားအဖြစ် ဝင်ရောက်အုပ်စိုးတော်မူပါ။ ခေါ်ဖိတ်လက်ခံပါ၏။ သန့်ရှင်းသောဝိညာဉ်တော်ဘုရား အကျွန်ုပ်ကိုဆက်လက်လမ်းပြတော်မူပါ။ ယေရှုနာမဖြင့် ဆုတောင်းပါ၏။” အာမင်။

ထိုဆုတောင်းချက်ကို ဆုတောင်းပြီးပါက သင်သည် ငရဲမှ ကယ်တင်ခြင်းရရှိပြီး ထာဝရအသက်ကို ပိုင်ဆိုင်ရရှိပါပြီ။ ကောင်းကင်နိုင်ငံရှိ အသက်စာရင်းစာအုပ်တွင် သင့်အမည့်ရေးထိုးထားပြီးဖြစ်ပါပြီး။ ဆက်လက်ပြီး ကျွန်ုပ်တို့နှင့် မိတ်သဟာယပြုရန် ဖိတ်ခေါ်ပါသည်။ ဘုရားသခင်၏နက်နဲသော နှုတ်ကပတ်တော်များ သင်သည်ရမည့်အရာများ ဆက်လက်လေ့လာရန် ဖိတ်ခေါ်ပါသည်။

ဘုရားသခင်ကောင်းကြီးပေးပါစေ

သင်၏ဆုံးဖြတ်ချက်

  • ဤဝေစာကို ဖတ်ရှုခြင်းအားဖြင့် ယေရှုခရစ်တော်အကြောင်း ကို ကျွန်ုပ်ပိုမိုသိလိုပါသည်။
  • သမ္မာကျမ်းပိုင်းစာအုပ်ကို ပို့ပေးစေလိုပါသည်။
  • ဟောပြောချက်သတင်းစကားကို ဖတ်ရှုပြီးနောက် ယေရှု ခရစ်တော်ကို ကျွန်ုပ်၏ကယ်တင်ရှင်အဖြစ်လက်ခံလိုက်ပါပြီ အခမဲ့သမ္မာကျမ်းစာ စာပေးစာယူသင်ခန်းစာများကို ကျွန်ုပ် ထံပို့ပေးစေလိုပါသည်။
  • ကျွန်ုပ်သည် ခရစ်ယာန်တစ်ဦးဖြစ်ပါသည်. ဤဟောပြော ချက်ကို ဖတ်ရှုပြီးနောက် ကျွန်ုပ်၏အသက်တာကို ဘုရားရှင် ထံ ဆက်ကပ်လိုပါသဖြင့် မိတ်ဆွေ၏ ဧဝံဂေလိ ပြန့်ပွားရေး လုပ်ငန်း၌ ပါဝင်လှုပ်ရှားလိုပါသည်။
ဦး/ဒေါ်/မောင်/မ
အသက်
ကိုးကွယ်သည့်ဘာသာ
လိပ်စာ
တယ်လီဖုန်း
ပေးပို့ရမည့်လိပ်စာ
စာတိုက်သေတ္တာ (၃၈၅)၊ ဗဟိုစာတိုက်ကြီး၊ ရန်ကုန်မြို့။ ၁၁၀၆၂
Join With Us