2:24 ညနေ
ဩဂုတ် 14, 2024

ငါပညတ်သည်ကား၊ ဝိညာဉ်ပကတိအတိုင်းကျင့်ကြလော့။ ထိုသို့ကျင့်လျှင် ဇာတိပကတိ၏အလိုသို့ မလိုက်ဘဲနေကြလိမ့်မည်။

ဂလာတိ ၅:၁၆
9:26 မနက်
ဇွန် 1, 2024

သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးအားဖြင် မျှော်လင့်ခြင်းပါရမီနှင့် ကြွယ်ဝစေခြင်းငှာ၊ ယုံကြည်သောစိတ်ရှိ၍ ဝမ်းမြောက်သက်သာခြင်းအမျိုးမျိုးတို့နှင့် ပြည့်စုံမည်အကြောင်း၊ မျှောင်လင့်ခြင်း၏အရှင်၊ ဘုရားသခင်သည် ကယ်မသနားတော်မူပါစေသော။

ရောမဩဝါဒစာ၊ ၁၅:၁၃
7:39 ညနေ
ဧပြီ 22, 2024

ထိုသခင်၏နာမတော်မှတစ်ပါး ငါတို့ကို ကယ်တင်နိုင်သော နာမတစ်စုံတစ်ခုမျှ ကောင်းကင်အောက်လူတို့တွင် မပေါ်မရှိဟု ပေတရုသည် ထိုသူတို့အား မြွက်ဆို၏။

တမန်တော် ၄:၁၂
10:44 မနက်
ဧပြီ 20, 2024

မခြားမလပ် ဆုတောင်းပတ္ထနာပြုကြလော့။

1 Thessalonians 5:17
9:53 မနက်
ဧပြီ 18, 2024

ထိုသို့သင်တို့သည်လည်း အလုပ်လုပ်၍ အားနည်းသောသူတို့ကို မစရမည်ကိုလည်းကောင်း၊ အစွန့်အကြဲခံခြင်းအရာထက် စွန့်ကြဲခြင်းအရာသည်သာ၍မင်္ဂလာရှိသည်ဟု သခင်ယေရှုမိန့်တော်မူသော စကားတော်ကို အောက်မေ့ရမည်ကိုလည်းကောင်း၊ အရာရာ၌ သင်တို့အား ငါပြသပြီဟု၊-

တမန်တော်ဝတ္ထု ၂၀:၃၅
9:53 မနက်
ဧပြီ 16, 2024

ထာဝရဘုရားသည် သနားတော်မူ၍ ကရုဏာတော်သည် မကုန်သောကြောင့် ငါတို့သည် ဆုံးရှုံးခြင်းသို့ မရောက်ဘဲနေကြ၏။ နံနက်တိုင်း ကရုဏာတော်အသစ်ကို ခံရကြ၏။ သစ္စာတော်သည် ကြီးမြတ်ပါ၏။

ယေရမိမြည်တမ်း ၃:၂၂-၂၃
7:46 မနက်
ဧပြီ 14, 2024

ချစ်သားတို့၊ သင်တို့သည် ဘုရားသခင်နှင့်စပ်ဆိုင်ကြ၏။ ထိုသူတို့ကိုလည်း အောင်ကြပြီ။ အကြောင်းမူကား၊ သင်တို့ဘက်၌ရှိသောသူသည် လောကဘက်၌ရှိသောသူထက် သာ၍ကြီးတော်မူ၏။-

‭၁ ရှင်ယောဟန်၊ ၄:၄
6:48 မနက်
ဧပြီ 5, 2024

‭ထိုကြောင့်၊ ငါတို့သည် သနားခြင်း ကရုဏာကိုလည်းကောင်း၊ တော်လျော်သောမစခြင်း ကျေးဇူးတော်ကိုလည်းကောင်း ခံရမည်အကြောင်း၊ ရဲရင့်သောစိတ်နှင့် ကျေးဇူးပလ္လင်တော်သို့ တိုးဝင် ချည်းကပ်ကြကုန်အံ့။

ဟေဗြဲဩဝါဒစာ ၄:၁၆
7:36 မနက်
ဧပြီ 3, 2024

ကိုယ်အင်္ဂါများကိုလည်း သုစရိုက်လက်နက်ဖြစ်စေ၍၊ ဘုရားသခင်အား ဆက်ကြလော့။ သင်တို့သည် ပညတ်တရားလက်၌မရှိ၊ ကျေးဇူးတရားလက်၌ရှိသောကြောင့် အပြစ်တရားသည် သင်တို့ကို မအုပ်စိုးရ။

ရောမဩဝါဒစာ ၆:၁၄
9:25 မနက်
ဧပြီ 1, 2024

ငါ့ကျေးဇူးသည် သင့်အဖို့လောက်ပေ၏။ ငါ့တန်ခိုးသည် အားနည်းခြင်းအဖြစ်၌ စုံလင်တတ်သည်ဟု မိန့်တော်မူ၏။ ထိုကြောင့် ခရစ်တော်၏ တန်ခိုးသည် ငါ့အပေါ်၌ ကျိန်းဝပ်မည်အကြောင်း ငါ့ကိုယ်၌ အားနည်းခြင်းအဖြစ်ကို ဝမ်းမြောက်သောစိတ်နှင့် ဝါကြွာခြင်းငှာ သာ၍ ငါအလိုရှိ၏။

၂ ကောရိန္သု ၁၂:၉
4:33 ညနေ
မတ် 30, 2024

သူတစ်ပါးချင်းခိုက်ရန်ပြုခြင်းကို ငြိမ်းစေတတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ဘုရားသခင်၏သားတော်ဟု ခေါ်ဝေါ်ခြင်းကို ခံရကြလတ္တံ့။

ရှင်မဿဲခရစ်ဝင် ၅:၉
1:45 ညနေ
မတ် 23, 2024

ထိုအရာများကို သင်တို့သည် အသုံးလိုကြောင်းကို ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် သိတော်မူ၏။ ဘုရားသခင်၏ နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ဦးစွာရှာကြလော့။ နောက်မှ ထိုအရာများကို ထပ်၍ပေးတော်မူလတ္တံ့။

ရှင်မဿဲခရစ်ဝင် ၆:၃၂-၃၃
11:10 ညနေ
စက်တင်ဘာ 1, 2023

သို့ရာတွင် ဘုရားသခင်၏ ကျေးဇူးတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို သက်သေခံစေခြင်းငှာ သခင်ယေရှု၏လက်မှ ငါခံခဲ့ပြီးသော ဓမ္မဆရာအမှုတည်းဟူသော ငါဆောင်ရွက်ရသောအမှုကို ဝမ်းမြောက်စွာ ပြီးစီးစေမည်အကြောင်း ထိုညှဉ်းဆဲခြင်းအမှုတစ်စုံတစ်ခုကိုမျှ ငါသည် ပမာဏမပြု ကိုယ်အသက်ကိုလည်း နှမြောခြင်းမရှိ။

တမန်တော်ဝတ္ထု ၂၀:၂၄
9:40 ညနေ
ဩဂုတ် 31, 2023

ထာဝရဘုရားသည် ကျိုးပဲ့သောစိတ်ရှိသောသူတို့နှင့် နှလုံးကြေကွဲသောသူတို့ကို နီးတော်မူ၏။ နောင်တရှိ၍ စိတ်နှိမ့်ချသောသူတို့ကိုလည်း ကယ်တင်တော်မူ၏။

ဆာလံကျမ်း၊ ၃၄:၁၈
9:20 ညနေ
ဩဂုတ် 29, 2023

ထိုကြောင့် ကာလအချိန်တန်လျှင်၊ ဘုရားသခင်သည် သင်တို့ကို ချီးမြှောက်တော်မူမည်အကြောင်း၊ တန်ခိုးကြီးသော လက်တော်အောက်၌ ကိုယ်ကိုကိုယ် နှိမ့်ချကြလော့။

၁ ရှင်ပေတရု၊ ၅:၆
9:17 ညနေ

စုံစမ်းနှောင့်ယှက်ခြင်းကို သည်းခံသောသူသည် မင်္ဂလာရှိ၏။ အအကြောင်းမူကား၊ စစ်ကြောစုံစမ်းခြင်းကို ခံပြီးမှ သခင်ဘုရားကို ချစ်သောသူတို့အား ကတိတော်ထားတော်မူသော အသက်သရဖူကို ရလိမ့်မည်။

ရှင်ယာကုပ်ဩဝါဒစာ၊ ၁:၁၂
9:06 မနက်
မတ် 25, 2023

ယုံကြည်ခြင်းသည် မျှော်လင့်သောအရာတို့ကို မျက်မှောက်ပြုခြင်းဖြစ်၏။ မမြင်သေးသောအရာတို့ကို

သိမှတ်စွဲလမ်းခြင်းအကြောင်းဖြစ်၏။

ဟေဗြဲဩဝါဒစာ ၁၁:၁
7:22 မနက်
မတ် 2, 2023

သင်တို့တွင် ကောင်းသောအမှုကို ပြုစပြုတော်မူသောသူသည်၊ ယေရှုခရစ်၏ နေ့ရက်တိုင်အောင်

ပြီးစီးလျက် ပြုတော်မူမည်ဟု ငါသဘောကျ၏။

Philippians 1:6 KJV
12:32 ညနေ
ဖေ‌ဖော်ဝါရီ 21, 2023

အကျွန်ုပ်ကို အထံတော်ထဲက နှင်ထုတ်တော်မမူပါနှင့်။ သန့်ရှင်းသောဝိညာဉ်တော်ကို ရုပ်သိမ်းတော်မမူပါနှင့်။

ကယ်တင်တော်မူခြင်းနှင့်ယှဉ်သော ဝမ်းမြောက်ခြင်းအခွင့်ကို ပြန်၍ပေးသနားတော်မူပါ။

ကြည်ညိုသောစေတနာစိတ်သဘောသည် အကျွန်ုပ်ကိုထောက်မပါစေသော။

ဆာလံကျမ်း ၅၁:၁၁-၁၂
7:22 မနက်
ဖေ‌ဖော်ဝါရီ 20, 2023

တောခွေးစုထဲသို့ သိုးတို့ကို စေလွှတ်သကဲ့သို့ သင်တို့ကို ငါစေလွှတ်၏။

ထိုကြောင့် သင်တို့သည် မြွေကဲ့သို့ လိမ္မာလျက်၊ ချိုးငှက်ကဲ့သို့ အဆိပ်ကင်းလျက်ရှိကြလော့။

ရှင်မဿဲခရစ်ဝင် ၁၀:၁၆
2:40 ညနေ
ဖေ‌ဖော်ဝါရီ 18, 2023

သမင်ဒရယ်သည် ရေစီးသောချောင်းကို တောင့်တသကဲ့သို့၊

အကျွန်ုပ်ဝိညာဉ်သည် ကိုယ်တော်ကို တောင့်တပါသည် ဘုရား

ဆာလံကျမ်း၊ ၄၂:၁
3:43 ညနေ
ဖေ‌ဖော်ဝါရီ 17, 2023

အိုဘုရားသခင်၊ အကျွန်ုပ်ကို စစ်ကြော၍၊ အကျွန်ုပ်နှလုံးကို သိမှတ်တော်မူပါ။

စုံစမ်း၍ စိတ်အထင်များကိုလည်း သိမှတ်တော်မူပါ၊

ဆိုးသောလမ်းသို့ အကျွန်ုပ်လိုက်သည် မလိုက်သည်ကို ကြည့်ရှု၍၊ ထာဝရလမ်းထဲသို့ သွေးဆောင်တော်မူပါ။

ဆာလံကျမ်း။ ၁၃၉:၂၃-၂၄