Ma Mu Pa Lat

ကျေးဇူးတော်အားဖြင့် ဧဝံဂေလိဝေငှရာတွင် မမူပလပ်နှင့် တွေ့ခွင့်ရခဲ့တယ်။ မမူပလပ်ဟာ တံခွန်တိုင်နတ်စားဘာသာကို ကိုး ကွယ်ပြီး မယုံကြည်သူ၊ ကယန်းလူမျိုးတစ်ယောက်ဖြစ်ပါတယ်။ မမူပလပ်ဟာ ဆင်းရဲတဲ့သူဖြစ်တယ်။ စားဝတ်နေရေးအတွက် မိဘနှင့်အ တူ အလုပ်ကူလုပ်သောသူဖြစ်ပါတယ်။ မမူပလပ်ဟာ ယပ်ခူကျေးရွာ မှာ နေထိုင်သူဖြစ်တယ်။ ဒီမောဆိုမြို့နယ်မှာ စစ်ပွဲများဖြစ်ပွားနေ သော ကြောင့် ဝါဘန်းသလိုရွာမှာ စစ်ဘေးရှောင်နေရပါတယ်။ မမူပ လပ်ဟာ လက်နက်ကြီးကြောင့် စိုးရိမ်းခြင်း၊ ထိပ်လန့်ခြင်းတွေ၊ ကြောက်ရွံ့ခြင်းစိတ်များစွာ ခံစားနေရပါတယ်။ မမူပလပ်ဟာ ယေရှု ခရစ်တော်၏ ကယ်တင်ခြင်းသတင်းစကားကို တခါမျှ မကြားဖူးပါ။ ဝေစာဝေရာတွင် ဧဝံဂေလိဝေငှတဲ့နေရာမှာပဲ သူသည်ရောက်ရှိခဲ့ပါ သည်။ ထိုနေရာမှာပဲ မမူပလပ်သည် ခရစ်တော်၏ ကယ်တင်ခြင်း သတင်းစကားကို ကြားခဲ့ရပါတယ်။ ထိုအခါ တမလွန်တွင် ငရဲသို့ သွားရန် အရမ်းကိုကြောက်ရွံ့ခဲ့ပါသည်။ ထို့ကြောင့် မမူပလပ်သည် ခရစ်တော်ကို မိမိ၏ကယ်တင်ပိုင်ရှင်အရှင်သခင်အဖြစ် ယုံကြည် လက်ခံပြီးနောက်ပိုင်းတွင် လုံခြုံခြင်းများ၊ ငြိမ်သက်ခြင်းများ ခံစား လာရပါသည်။ ယခုအခါ မမူပလပ်သည် ကျမ်းစာသင်တန်းများ၊ တက်ရောက်ပြီး ဆရာမမေဖောနှင့်အတူ ဝေစာဝေခြင်းများဖြင့် ပါဝင် ဆက်ကပ်နေပါသည်။

Kayah
Praise
Ma Nal Nal Phaw

မနဲနဲဖောသည် မယုံကြည်သူမိသားစု နတ်ကိုးကွယ်သော မိသားစုတွင် အငယ်ဆုံးတစ်ယောက်ဖြစ်ပါသည်။ သူမတွင် မွေးချင်း ငါးယောက်ရှိပါသည်။ မိခင်ဖြစ်သူသည် သူမ ၁၀ နှစ်အရွယ်တွင် ဆုံး ပါးသွားပြီးဖြစ်ပါသည်။ ဖခင်ဖြစ်သူကလည်း စစ်သားဟောင်းတစ် ယောက်ဖြစ်ပြီး မူးယစ်ဆေးဝါးအမှုဖြင့် ထောင်နှစ်ရှည်ကျခံလျက်ရှိပါသည်။ သူမ၏ အသက်ရှင်မှုသည် မှောင်မိုက်ထဲတွင် မျှော်လင့်ခြင်း မရှိသလို ခံစားနေရပါသည်။ ဆရာအယ်ထူးတို့ပြုလုပ်သော ကျမ်းစာ သင်တန်းသို့ရောက်ရှိလာချိန်တွင် သခင်ယေရှု၏ကယ်တင်ခြင်း သ တင်းစကားကိုကြားရပါသည်။ ထိုအချိန်တွင် အမှောင်ထဲမှ အလင်းကိုမြင်ရသလိုခံစားလာရပါသည်။ ယေရှုခရစ်၏ ကယ်တင်ခြင်း သ တင်းကောင်းကို ဆရာအယ်ထူးအားဖြင့် ကြားလိုက်ရသည်အချိန်တွင် သခင်ယေရှုကို မိမိ၏ကယ်တင်ပိုင်ရှင်သခင်ဘုရားအဖြစ် ယုံကြည်လက်ခံခဲ့ပါသည်။ ထိုအချိန်မှစပြီး ဝမ်းမြောက်ခြင်း လုံခြုံမှု ကျေနပ်မှုစိတ်ချမှုများခံစားရရှိလာပါသည်။ အားငယ်ခြင်း၊ ဝမ်းနည်း ခြင်း၊ မကျေနပ်မှုများလည်းမရှိတော့ပါ။ ယခုအခါ ကျမ်းစာသင်တန်း များကို ဆက်လက်တက်ရောက်နေပြီး ဆရာအယ်ထူးတို့နှင့်အတူ ဝေစာဝေ ဧဝံဂေလိဟောပြောဝေငှခြင်းများတွင် ပါဝင်နေပါသည်။ အစ်မ များထံသို့လည်း ယေရှုခရစ်တော်အကြောင်း သက်သေခံဝေငှရန် ဆုတောင်းဆက်ကပ်နေပါသည်။

Yangon
Praise
Naw Phe Lar Phaw

ဘုရားရှင်၏လမ်းပြပို့ဆောင်ပေးခြင်းကြောင့် ဒီ ၂၀၂၂၊ ၁ လ ပိုင်းထဲမှ စစ်ဘေးရှောင်နေသော သူတွေရော၊ တချို့သောရွာတွေမှာ လည်း ဝေစာပေးခြင်း၊ ဧဝံဂေလိပြောကြားပေးခြင်း၊ တိုက်တွန်းအား ပေးခြင်း နာမကျန်းသောသူတွေဆုတောင်းပေးခြင်းဖြင့် လုပ်ဆောင် ခဲ့ပါသည်။ ကျွန်မတို့‌ ဝေစာဝေနေရင်းနဲ့ စစ်ဘေးရှောင်နေရသော “ဒေါ်မှုနော တို့ရဲ့မိသားစုတွေကို စတင်သိရှိပြီး ဝေစာနှင့်အတူ ခရစ် တော်အကြောင်း စတင်မိတ်ဆက်ပေးခဲ့ပါတယ်။ သခင်ယေရှုအ ကြောင်းမကြားမှီ၊ သူတို့မိသားစုတွေဟာ တံခွန်တိုင်နတ်စားဘာသာ ကို ကိုးကွယ်ခဲ့တဲ့မိသားစုတွေဖြစ်တယ်။ သူတို့မိသားစုက (၄)ယောက်ပဲရှိတယ်၊ သူတို့ မိသားစုဟာ၊ ဆင်းရဲတယ်၊ စားဝတ်နေရေး အတွက်လည်းခက်ခဲတယ်။ သူ့ရဲ့ အဖေလည်း ကျန်းမာရေးမကောင်း၊ ဝင်ငွေမရှိတော့၊ ဆေးရုံဆေးခန်းသွားရောက်ကုသဖို့လည်း ကုသမှု့စရိတ်လည်းမရှိမှုတွေနြ့ အခက်အခဲကြုံနေရတယ်၊ အရင်တုန်းက ယေရှုအကြောင်း သူများလာပြောရင် မောင်းထုတ်ပြီး ခြိမ်း ခြောက်ခဲ့တယ်။ အရမ်းကို ခေါင်းခဲ့တဲ့သူတစ်ယောက်ဖြစ်တယ်၊ ယေ ရှုအကြောင်းလက်မခဲ့ဘူး၊ မယုံကြည်ဘူးဆိုခဲ့တဲ့သူဖြစ်တယ်။ ငါတို့ရဲ့ ပြဿနာတွေကို ဘယ်သူမှ ဘယ်ဘုရားမှလာပြီး မကူညီနိုင်ဘူးလို့ ဆိုခဲ့တဲ့သူလည်းဖြစ်တယ်။ အဲ့လိုပြောရင်းနဲ့ သူတို့မိသားစုတွေဟာ ပိုပြီး ဒုက္ခရောက်ခဲ့တယ်။ အိမ်တွေလည်း မီးလောင်ကုန်တော့ နေစရာ လည်းမရှိတော့ ပိုပြီး ခက်ခဲလာတဲ့ အခက်အခဲတွေနဲ့ ကြုံနေရတဲ့ မိသားစုတွေဖြစ်တယ်။ အဲဒီအချိန်မှာပဲ သူတို့ကို စာငှက်တောင်မှ ဘုရား အငတ်မထားဘူးဆိုတြ့ ကျမ်းပိုဒ်ဖြင့် သူတို့မိသားစုတွေ့ကို ခွန်အားပေးခဲ့တယ်။ ဆုတောင်းပေးခဲ့တယ်။ ကုန်းနှစ်ကုန်းရုပ်ပုံအား ဖြင့်လည်း ဟောပြောပေးခဲ့တယ်။ အခု သူတို့မိသားစုဟာ ခရစ်တော် သည် သူတို့ကို ကယ်တင်ပေးနိုင်တဲ့အကြောင်းကို စတင်သိရှိလာပြီး၊ သူတို့တွေဟာ ခရစ်တော်အကြောင်း စတင်မြည်းစမ်းလာတယ်၊ နောက်ထပ် နှုတ်ကပတ်တော်ကို လာရောက်ပြီး ခွန်အားပေးဖို့ တောင်းဆိုလာတာတွေ့ကြုံရတယ်။ သူတို့ရဲ့မိသားစုတွေရဲ့ ဝိညာဉ် ရေးခိုင်ခံ့ခြင်း၊ ကြီးထွားခြင်း၊ နှစ်ခြင်းခံလာတဲ့အထိရောက်လာဖို့ သူတို့ရဲ့ အသက်တာအတွက် ဆက်လက်ဆုတောင်းပေးကြပါလို့ သက် သေခံရင်းနဲ့ နိဂုံးချုပ်တယ်။

Kayah Division
Praise
KD Brang Mai

မေလတွင် (၃) ရက်အစာရှောင်ဆုတောင်းဆက်ကပ်လျက် ဝေစာဝေခဲ့ပါသည်။ စဉ့်ကိုင်မြို့နယ်၊ ပုလိပ်ကျေးရွာသို့ ဝေစာဝေခဲ့ပါ သည်။ ကျောက်ဆည်မြို့မှ မိနစ်(၄၀)ခန့် မော်တော်ဆိုင်ကယ်မောင်း နှင်ရပါသည်။ ရာသီဥတု၏ ပူပြင်းတဲ့ဒဏ်၊ နိုင်ငံရေး၏မတည်ငြိမ်မှု့ များကြားမှာ ဝေစာဝေနေရပါသည်။
ဘုရားသခင်ကျေးဇူးကြောင့် ယနေ့ထိတိုင်ဘေးကင်းလုံခြုံ စွာဖြင့် အမှုတော်မှာပါဝင်နေရပါသည်။ ပုလိပ်မြို့တွင် ဝေစာဝေရင်း “ကိုမိုးကျော်” သည် “လူကိုချစ်သောဘုရား”ကို စိတ်ဝင်စား၍ လာရောက်မိတ်ဖွဲ့ပါသည်။ သူသည် HIV ဝေဒနာခံစားနေရသူတစ်ဦး ဖြစ်ကြောင်း ပြောပြပါသည်။ ဘုရားသခင်တတ်နိုင်ကြောင်း ပျောက် ကင်းပေးနိုင်ကြောင်း ဝေငှပြီး ဆုတောင်းပေးခဲ့ပါသည်။ ယေရှုခရစ် တော်သည် လူသားအားလုံး၏ ဘုရားဖြစ်ကြောင်း အားလုံးတာဝန် ယူကြောင်းကို ဝေငှခဲ့ရာ ယုံကြည်လက်ခံခဲ့ပါသည်။ သူသည် လူပျို တစ်ဦးဖြစ်ပါသည်။ မိဘ(၂)ပါးကတော့ ကုန်စုံဆိုင်ဖွင့်ပါသည်။ သူက မြို့ပေါ်တက်ပြီး လက်သမားအလုပ်လုပ်ကိုင်နေပါသည်။ သူတောင်း ပေးရင်းမျက်ရည်ကြလျှက် ဝမ်းမြောက်မှု့များကိုတွေ့ရှိရပါသည်။ ခရစ်တော်ကို ခေါ်ဖိတ်လက်ခံခဲ့ပါသည်။
ဝေစာဝေရာတွင် လမ်းခရီးတစ်လျှောက်စစ်ဆေးရေးဂိတ် များတွင် ဆေးလက်မှတ်ပြ၊ ဆိုင်ကယ်ကိုဆင်းတွန်းရပါသည်။ မေလ တွင် အထူးအစီအစဉ်ဖြင့် ဝေစာဝေနိုင်ရခြင်းသည် ဆုတောင်းခြင်း ကြောင့်ဖြစ်ပါသည်။ နောက်တန်းမှ နေ့စဉ်မပျက်ဆုတောင်းပေးကြ သော အိမ်တိုင်ရာရောက်ခရစ်တော်၏သာသနာပြုအဖွဲ့မှ အမှုတော် ဆောင်များကို ကျေးဇူးတင်ပါသည်။

Mandalay Division
Praise
Nan Phaung Ka Lain

ရှေးဦးစွာ ဘုရားသခင်ကျေးဇူးတော်ချီးမွမ်းပါတယ်။ ကျွန်မအမည်ကတော့ “နန့်ဖောင်ခလိန်” ဖြစ်ပြီး အမျိုးသားအမည်ကတော့ “စောစေးကပေါ” ဘဲဖြစ်ပါတယ်။ ကျွန်မသမီးအမည်ကတော့ “ဆောင်းသံစဉ်အေး” လို့ခေါ်ပါတယ်။ ကျွန်မကတော့ ပိုးကရင်လူမျိုး ဖြစ်ပါတယ်။ ကျွန်မတို့က ရာသီအလိုက်ခြံထဲမှာ စိုက်ပျိုးရေးကိုလုပ် ပါတယ်။ ကျွန်မတို့ကတော့ ခရစ်ယာန်ဖြစ်ပါတယ်။ ကျွန်မတို့ကတော့ ကြာဂရက်အုပ်စု၊ ကျီးအိုင်ရွာမှာနေပါတယ်။ ကျွန်မသက် သေခံချက်တာကတော့ ကျွန်မသမီးလေးကို စတင်၍ ကိုယ်ဝန်လွယ် ပြီး မွေးဖွားခါနီးတွင် ဆရာဝန်များ၏သွေးစစ်ချက်အရ ကျွန်မမှာ (C/B ပိုး) တွေ့ခဲ့ပါသည်။ ကျွန်မအရမ်းနဲ့ စိုးရိမ်တုန်လှုပ်ခဲ့ပါတယ်။ ပထမဦးဆုံး ကိုယ်ဝန်ဖြစ်သည့်အတွက် မွေးဖွားရလည်းခက်ခဲပါတယ်။ သမီးလေးကို ကျွန်မခွဲမွေးခဲ့ပါတယ်။ ယခုမှဦ ကျွန်မကလေး တစ်လခွဲရှိခဲ့ပါပြီး။ ကျွန်မတို့ရွာလေးကို ဆရာဦးသန်းဇော်နဲ့ ဆရာမ ဂျမိုင်း ရောက်လာပြီး ကျွန်မအမ နန့်ဖောင်စိန်နှင့် ကလေးများအပါ အဝင် ဓမ္မစာပေများ ဝေမျှရာတွင် ကျွန်မတို့နေအိမ်သို့ရောက်ရှိခဲ့ပါ တယ်။ ကျွန်မတို့မိသားစုမှ နံနက်စာကျွေးမွေး၊ မိတ်သဟာရဖွဲ့ခဲ့ရသည့်အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ ယခု ကျွန်မကလေး တစ်လခွဲပြည့်သည့်အတွက် ဆရာဝန်မှ ရက်ချိန်ပြန်ပြရန် ဖြစ်သည့်အတွက် ဆရာတို့၏ ဆုတောင်းခြင်းဖြင့်၎င်း၊ နှုတ်ကပတ် တော်၏တန်ခိုးတော်ကြောင့်လည်းကောင်း ကျွန်မနှင့်ကလေးငယ်လေးတွင် အနာရောဂါတန်ခိုးတော်ကြောင့်လည်းကောင်း ကျွန်မနှင့် ကလေးငယ်လေးတွင် အနာရောဂါပိုးများလုံးဝပျောက်ပြီးဖြစ် ကြောင်းကို၎င်း ယေရှုခရစ်၏ဒဏ်ချက်တော်ဖြင့် လုံးဝကျန်းမာပြီး ဖြစ်ကြောင်း ကျွန်မ ချီးမွမ်းသက်သေခံခြင်းဖြစ်ပါသည်။

Ayeyarwaddy Division
Praise