စာအုပ်အမည် :
တိုက်ထောင့်အမြစ်ကျောက်
ရေးသူ :
Every Home for Christ
အမျိုးအစား :
သင်ခန်းစာ

စာအုပ်အကြောင်း

တိုက်ထောင့်အမြစ်ကျောက်သင်ခန်းစာအစီအစဉ်သည် ပြန်လည်သင့်မြတ်ခြင်းဆိုင်ရာအဖြစ်အပျက်များကို မီးမောင်း ထိုးပြထားပါသည်။ သင်ခန်းစာအစပြုရာတွင် ဘုရားသခင်သည် အရာအားလုံးကို မည်သို့ ဖန်ဆင်းခဲ့သည်ကို ဖော်ပြထား ပါသည်။ ဤသမ္မာတရားသည် မှန်ကန်သောကျမ်းစာဆိုင်ရာကမ္ဘာ့အမြင့်ကို သက်သေပြထားပါသည်။

ဒုတိယသင်ခန်းစာ သည် ဖန်ဆင်းထားသောအခြားအရာများနှင့်မတူဘဲ တမူထူးခြားစွာလူများကို ဖန်ဆင်းထား ကြောင်းဖော်ပြထားပါသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် အထူးမိတ်သဟာယဖွဲ့ရန် ဖန်ဆင်းခြင်းခံထားရပါ သည်။ တတိယနှင့်စ တုတ္ထသင်ခန်းစာ များတို့သည် လူသားတို့အား စာတန်မာရ်နတ်၏ လိမ်လည်မှုအကြောင်းဖြစ်ပါသည်။

ပထမဦးဆုံးလူသားတို့၏ ဘုရားသ ခင်အား မနာခံခြင်းဖြစ်ပြီး ၎င်း၏အကျိုးဆက်မှာ ကျွန်ုပ်တို့နှင့် ဘုရားသခင်၏ ဆက်သွယ်မှုမှာ ပြတ်တောက်သွားခြင်း ဖြစ်ပါသည်။ ကျန်ရှိသော သင်ခန်းစာများမှာ ဘုရားသခင်၏ကြီး မားသော ကယ်တင်ခြင်းအစီအစဉ်နှင့် လူသားများအား ၎င်းနှင့်ပြန်လည်၍ မိတ်သဟာယဖွဲ့နိုင်ရန် ဖော်ပြထားခြင်း ဖြစ်ပါသည်။