KD ဘရန်မိုင်

မေလတွင် (၃) ရက်အစာရှောင်ဆုတောင်းဆက်ကပ်လျက် ဝေစာဝေခဲ့ပါသည်။ စဉ့်ကိုင်မြို့နယ်၊ ပုလိပ်ကျေးရွာသို့ ဝေစာဝေခဲ့ပါ သည်။ ကျောက်ဆည်မြို့မှ မိနစ်(၄၀)ခန့် မော်တော်ဆိုင်ကယ်မောင်း နှင်ရပါသည်။ ရာသီဥတု၏ ပူပြင်းတဲ့ဒဏ်၊ နိုင်ငံရေး၏မတည်ငြိမ်မှု့ များကြားမှာ ဝေစာဝေနေရပါသည်။
ဘုရားသခင်ကျေးဇူးကြောင့် ယနေ့ထိတိုင်ဘေးကင်းလုံခြုံ စွာဖြင့် အမှုတော်မှာပါဝင်နေရပါသည်။ ပုလိပ်မြို့တွင် ဝေစာဝေရင်း “ ကိုမိုးကျော်” သည် “ လူကိုချစ်သောဘုရား” ကို စိတ်ဝင်စား၍ လာရောက်မိတ်ဖွဲ့ပါသည်။ သူသည် HIV ဝေဒနာခံစားနေရသူတစ်ဦး ဖြစ်ကြောင်း ပြောပြပါသည်။ ဘုရားသခင်တတ်နိုင်ကြောင်း ပျောက် ကင်းပေးနိုင်ကြောင်း ဝေငှပြီး ဆုတောင်းပေးခဲ့ပါသည်။ ယေရှုခရစ် တော်သည် လူသားအားလုံး၏ ဘုရားဖြစ်ကြောင်း အားလုံးတာဝန် ယူကြောင်းကို ဝေငှခဲ့ရာ ယုံကြည်လက်ခံခဲ့ပါသည်။ သူသည် လူပျို တစ်ဦးဖြစ်ပါသည်။ မိဘ(၂)ပါးကတော့ ကုန်စုံဆိုင်ဖွင့်ပါသည်။ သူက မြို့ပေါ်တက်ပြီး လက်သမားအလုပ်လုပ်ကိုင်နေပါသည်။ သူတောင်း ပေးရင်းမျက်ရည်ကြလျှက် ဝမ်းမြောက်မှု့များကိုတွေ့ရှိရပါသည်။ ခရစ်တော်ကို ခေါ်ဖိတ်လက်ခံခဲ့ပါသည်။
ဝေစာဝေရာတွင် လမ်းခရီးတစ်လျှောက်စစ်ဆေးရေးဂိတ် များတွင် ဆေးလက်မှတ်ပြ၊ ဆိုင်ကယ်ကိုဆင်းတွန်းရပါသည်။ မေလ တွင် အထူးအစီအစဉ်ဖြင့် ဝေစာဝေနိုင်ရခြင်းသည် ဆုတောင်းခြင်း ကြောင့်ဖြစ်ပါသည်။ နောက်တန်းမှ နေ့စဉ်မပျက်ဆုတောင်းပေးကြ သော အိမ်တိုင်ရာရောက်ခရစ်တော်၏သာသနာပြုအဖွဲ့မှ အမှုတော် ဆောင်များကို ကျေးဇူးတင်ပါသည်။