သောကမီးတို့ မည်သည့်အခါ အဆုံးသတ်ပါအံ့

လူ့ဘဝသည် ဆယ်စုနှစ်အနည်းငယ်မျှသာ ဖြစ်ပါသည်။ ကလေးဘဝတဒင်္ဂလေးမျှအပ လူ့ဘဝသက်တမ်းတစ်လျှောက်လုံး သည် ပရိဒေဝသောကများနှင့် ပြည့်နှက်နေသည်။ အချို့က ဘဝ တွင် ပညာမတတ်သူများထက် ပညာတတ်မှ ပျော်ရွှင်ချမ်းမြေ့နိုင် မည်ဟု ထင်မှတ်ထားသော်လည်း ဗဟုသုတကြွယ်ဝလာသည်နှင့် အမျှ ပူပန်စရာအမှုကိစ္စများက သာ၍များပြားလာသည်။ နှလုံးသား ထဲ၌ ဝန်ထုပ်ဝန်ပိုးများနှင့် လေးလံနေသည်ကို အဘယ်သူသည် တွေ့မြင်နိုင်မည်နည်း။ လူငယ်၊ လူရွယ်၊ လူကြီးအရွယ်တိုင်း၌ ကိုယ် ရေးကိုယ်တာပြဿနာများ၊ စိုးရိမ်ပူပန်မှုများ ကိုယ်စီရှိနေကြသည်။ ရိုးသားစွာ ချိန်ထိုးကြည့်မည်ဆိုပါက တဒင်္ဂလူ့ဘဝသည် ဝန်ထုပ် ဝန်ပိုးများနှင့် ပြည့်နှက်နေသည်ကို ထင်ရှားစွာမြင်တွေ့ရမည် အမှန် ဖြစ်သည်။
“ လူ့ဘဝရှိ ပြဿနာများနှင့် သောကအပူများအား ဖြေရှင်း နိုင်မည့်နည်းလမ်းရှိပါသလား” ဟူ၍ မိတ်ဆွေအနေဖြင့် မေးခွန်း ထုတ်နိုင်သည်။ အဖြေရှိသည်မှာ ဧကန်အမှန်ပင်ဖြစ်သည်။ မိတ် ဆွေအနေဖြင့် စိုးရိမ်ပူပန်ခြင်းမှ ဝမ်းမြောက်ပျော်ရွှင်ခြင်းသို့ ကူး ပြောင်းစေသည့်နည်းလမ်းကိုသာ သိရှိရန်လိုအပ်ပါသည်။
လူ့ဘဝကြီး၏ ပြဿနာများနှင့် စိတ်ပူပန်မှုအဖြာဖြာတို့ သည် အသက်အရွယ်ကိုယ်စီတိုင်းအတွက် ရှောင်လွှဲမရနိုင်သည့် ယာယီအခက်အခဲများဖြစ်သည်ကို ဦးစွာနားလည်ထားရန် လိုအပ်ပါ သည်။ ဥပမာ-ကျောင်းသားများသည် အောင်စာရင်းအတွက် စိုးရိမ်ပူ ပန်ခြင်း၊ အရွယ်ရောက်သူများသည် မိမိ၏အိမ်ထောင်ရေးအတွက် စိုးရိမ်ပူပန်ခြင်း၊ သက်လက်ပိုင်းသည် မိသားစုဝင်ငွေနှင့် သားသမီး များ၏ ရှေ့ရေးအတွက် စိုးရိမ်ပူပန်ခြင်းရှိနေရသည်။ ဤပြဿနာ များကို မိမိ၏စွမ်းဆောင်ရည်၊ အခြားသူများ၏အကူအညီဖြင့် ကိုင် တွယ်ဖြေရှင်းနိုင်ပါသည်။ သို့သော် ကမ္ဘာကုန်ကျယ်သရွေ့ လူသား ထုတစ်ရပ်လုံးအတွက် တစ်ဦးချင်း (သို့မဟုတ်) အခြားသူများအား ဖြင့် ဖြေရှင်း၍ မရနိုင်သည့် ကိစ္စများလည်း ရှိနေပါသည်။ ဤအရာ များမှာ-

အပြစ်တရား၏ကျေးကျွန်ဖြစ်ခြင်း

ဤကမ္ဘာပေါ်၌ အပြစ်နှင့်ကင်းစင်သူ တစ်ဦးမျှမရှိပါ။ မှန်ပါ သည်။ အပြစ်လုပ်တတ်သည့်သဘောသဘာဝသည် ကျွန်ုပ်တို့မွေး ဖွားလာသည့် အချိန်ကပင် ပါလာပြီးသားဖြစ်သည်။ လောဘ၊ မာန် မာန၊ အမျက်ဒေါသ၊ လိမ်လည်လှည့်ဖြားခြင်း၊ ခေါင်းပုံဖြတ်ခြင်း၊ ကိ လေသာလွန်ကျူးခြင်း၊ မုန်းတီးခြင်းနှင့် အကြမ်းဖက်ခြင်းများသည် ငယ်စဉ်ကတည်းကပင် ကျွန်ုပ်တို့ အသက်တာထဲ၌ အစဉ်အတိုင်း ဖြစ်တည်နေသည်။ အရွယ်ရောက်သည့်အခါ၌လည်း အပေါင်းအ သင်းများနှင့်အတူ ဆေးလိပ်၊ အရက်၊ လောင်းကစား၊ မူးယစ်ဆေး ဝါးသုံးစွဲခြင်း စသဖြင့် ပြုလုပ်လာကြပါသည်။
အပြစ်တရားသည် ကြီးမားသည့် သံကြိုးဖြင့် ကျွန်ုပ်တို့၏နှလုံးသားအား ချည်နှောင် ထားသည်သာမက ကျွန်ုပ်တို့၏အသက်တာကိုလည်း ချုပ်နှောင်မှု များအောက်၌ နစ်သထက်နစ်မွန်းသွားစေသည်။ လူငယ်များစွာ သည် အတိတ်ကာလမှ အပြစ်ဒုစရိုက်များ၏ လွှမ်းမိုးမှုအရိပ်မှ ရုန်း မထွက်နိုင်လောက်အောင် နာကျင်ခံစားနေကြရသည်။

သေခြင်းတရားကို ကြောက်ရွံ့ခြင်း

မည်မျှပင် အသက်ရှည်ရှည်နေရသည်ဖြစ်စေ အဆုံးတစ် နေ့တွင် သေခြင်းတရားကိုသာ ရင်ဆိုင်ကြရပါသည်။ သေခြင်း တ ရားသည် လူသားထုတစ်ရပ်လုံး မလွန်ဆန်နိုင်သည့် ထာဝရလျှို့ ဝှက်နက်နဲသော လူသားမျိုးနွယ်၏ မဟာရန်သူတော်ကြီးပင်ဖြစ် သည်။ သေပြီးနောက် မည်သည့်နေရာသို့လားရမည်နည်း။
အကယ် ၍ သေခြင်းတရားသည် ဖြစ်ရိုးဖြစ်စဉ်တစ်ခုအဖြစ် အဆုံးသတ်ခြင်း ဖြစ်ပါက အဘယ့်ကြောင့် ကျွန်ုပ်တို့ စိုးရိမ်ပူပန်နေရသနည်း။ ဤ မေးခွန်းများသည် ကျွန်ုပ်တို့၏ စိတ်နှလုံးထဲ၌ သက်တမ်းတစ် လျှောက်လုံး မသိကျိုးကျွံပြုထားသည့်မေးခွန်းများပင်ဖြစ်သည်။

မွန်မြက်လှသောဘဝ

မွန်မြတ်လှသောဘဝကို လူတိုင်းတောင့်တကြပါသည်။ သို့ သော်လည်း တိုးတက်ထွန်းကားနေသည့် ယနေ့ခေတ်ကြီးတွင် ကျွန်ုပ်တို့သည် စားဝတ်နေရေး၊ ငွေရေးကြေးရေး၊ အာဏာတန်ခိုး နှင့် လူနေမှုအဆင့်အတန်းအတွက် နေ့စဉ်လှုပ်ရှားရုန်းကန်နေကြရ သည်။ ဤအမှုအရာများနှင့် လုံးချာလည်နေခြင်းဖြင့်သာ ဘဝကို ဖြတ်သန်း၍ အသက်ရှင်ရမည်လား၊ အဓိပ္ပာမဲ့စွာဖြင့် အသက်ရှင်နေ သူများစွာရှိသလို လူတိုင်းသည် စိုးရိမ်ပူပန်မှုများဖြင့်သာ အသက် တာကို ဖြတ်သန်းနေကြရသည်။
အထက်ပါသောကအပူမီးများ ချုပ်ငြိမ်းရန် လူတို့သည် ကြိုးစားရှာဖွေခဲ့ကြသော်လည်း ရာစုနှစ်များစွာ ကုန်လွန်လာသည့် တိုင်အောင် အဖြေရှာမတွေ့နိုင်ကြပါ။ လူသားများနှင့် စင်္ကြာဝဠာ တစ်ခုလုံးကို ဖန်ဆင်းတော်မူသော ဘုရာသခင်တစ်ပါးတည်းသာ လျှင် ဤပြဿနာများကို ဖြေရှင်းပေးနိုင်ပါသည်။ ဘုရားသခင်သည် တစ်ပါးတည်းသော သားတော်ယေရှုခရစ်တော်ကို ဤလောကသို့ စေလွှတ်တော်မူခြင်းဖြင့် ထိုပြဿနာသုံးရပ်လုံးမှ အောင်မြင်ကျော် လွှားစေ၍ ဝမ်းနည်းခြင်းမှ ဝမ်းမြောက်ခြင်း၊ စိုးရိမ်ခြင်းမှ ချီးမွမ်း ခြင်းအသက်တာအဖြစ် ပြင်ဆင်ပေးတော်မူခဲ့သည်။
အပြစ်နွံထဲ၌ နစ်မွန်းနေသူတို့အား “ ယေရှုခရစ်တော်သည် သင်တို့ကို သင်တို့သည် ဧကန်အမှန်လွတ်ကြလိမ့်မည်” ဟု မိန့် တော်မူခဲ့ပါသည်။ ကျွန်ုပ်တို့လူသားများသည် အပြစ်ကို အောင်မြင် ရန် မစွမ်းဆောင်နိုင်သော်လည်း ခရစ်တော်ဘုရားသည် ကျွန်ုပ်တို့ ၏အပြစ်များအားလုံးကို ကရာနီကုန်းထက်သို့သယ်ဆောင်၍ အပြစ် ကြွေးများဆပ်ပေးခဲ့ပါသည်။ သင်၏အပြစ်သည် မည်မျှပင်ကြီးလေး နေပါစေ ဘုရားသခင်၏ရှေ့တော်၌ နောင်တဖြင့် ရိုသေစွာတောင်း ပန်ဝန်ချ၍ ဘုရာသခင်ပြုတော်မူသည့် ကယ်တင်ခြင်းကျေးဇူးတော် ကို ယုံကြည်လျက် ကယ်တင်ပိုင်ရှင်နှင့် အရှင်သခင်အဖြစ် ခရစ် တော်ဘုရားကို နှလုံးသားထဲ၌ လက်ခံလိုက်ပါ။ စစ်မှန်သည့် အပြစ် လွတ်ခြင်းချမ်းသာနှင့် အသစ်သောြငိမ်သက်ခြင်းကို သင် ရယူခံစား ပိုင်ဆိုင်နိုင်ပြီဖြစ်သည်။
သေခြင်းတရားကို ကြောက်ရွံ့နေသူများအတွက် “ သင်တို့ စိတ်နှလုံးပူပန်ခြင်းမရှိစေနှင့်၊ ဘုရားသခင်ကို ယုံကြည်ကြလော့၊ ငါ့ ကိုလည်း ယုံကြည်ကြလော့၊ ငါ့အဘ၏ အိမ်တော်၌ နေစရာအခန်း အများရှိ၏။ သို့မဟုတ်လျှင် မဟုတ်ကြောင်းကို သင်တို့အား ငါမ ပြောဘဲမနေ၊ သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ၏။ ငါသည်သွား၍ သင်တို့နေစရာအရပ်ကို ပြင်ဆင်ပြီးမှ တစ်ဖန်ပြန် လာ၍ ငါရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှါ သင်တို့ကို ငါ့ထံသို့သိမ်း ဆည်းမည်” ဟု ယေရှုခရစ်တော်က မိန့်တော်မူခဲ့ပါသည်။ ဘုရား သခင်၏သားတော် ယေရှုခရစ်တော်သည် မည်သည့်အခါမျှ မုသား မပြောပါ။ သူသည် ကျွန်ုပ်တို့အပြစ်များအတွက် အသေခံခဲ့ပြီး သေ ခြင်းမှ ရှင်ပြန်ထမြောက်ခဲ့ပါသည်။ သူသည် ကောင်းကင်နိုင်ငံတော် တွင် ကျွန်ုပ်တို့အတွက် နေရာပြင်ဆင်ပေးပါသည်။ သခင်ခရစ်တော် နှင့်သာဆိုပါက ကျွန်ုပ်တို့သည် တမလွန်အတွက် ပူပန်စရာမလိုဘဲ နေ့စဉ်ပျော်ရွှင်စွာဖြင့် ဘဝခရီးကို အဆုံးတိုင်အောင် လျှောက်လှမ်း နိုင်မည်ဖြစ်ပါသည်။
လူ့ဘဝ၏ မွန်မြတ်လှသောဘဝကို တောင့်တနေသူများ အတွက် “ ငါမူကား ထာဝရအသက်ပေးရုံမျှမက အထူးသဖြင့် ကြွယ် ဝပြည့်စုံသော အသက်တာကို ပေးခြင်းငှါလာသတည်း။” ဟု ယေရှု ခရစ်တော်ဘုရားက ကတိပေးတော်မူသည်။ ခရစ်တော်ဘုရားကို ယုံကြည်သူတိုင်းသည် ခရစ်တော်၏ တပည့်တော်များဖြစ်လာ၍ ကြွယ်ဝပြည့်စုံသောအသက်တာသစ်ကို ရှာဖွေတွေ့ရှိပြီး လူ့အလို အတိုင်း အသက်ရှင်ရာမှ ဘုရားသခင်၏အလိုတော်အတိုင်း အသက် ရှင်သူများဖြစ်လာကြသည်။ လူတိုင်းသည် အားမာန်အပြည့်ဖြင့် လန်းဆန်းတက်ကြွစွာ အသက်ရှင်သန်နိုင်၍ အခြားသူများကိုလည်း အကျိုးပြုစေသည့် ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေသူများ ဖြစ်လာသည်။ ထိုကတိတော်တို့သည် လွန်ခဲ့သည့် နှစ်ပေါင်းနှစ် ထောင်ကျော်မှ ယနေ့ထက်ထိ ဘုရားသခင်၏ ဝမ်းမြောက်ဖွယ်ရာ ဧဝံဂေလိသတင်းစကားအားဖြင့် ကမ္ဘာပေါ်ရှိလူမြောက်မြားစွာတို့ အား သေခြင်းမှ အသက်ရှင်ခြင်းသို့လည်းကောင်း၊ ဝမ်းနည်းခြင်းမှ အသစ်သောဝမ်းမြောက်ခြင်းသို့လည်းကောင်း၊ ကူးမြောက်စေခဲ့ပါ သည်။
ချစ်သောဓမ္မမိတ်ဆွေ သင့်ဘဝအသက်တာအတွက် သော ကအပူမီးများငြိမ်းအေးရာလမ်းစဉ်ကို ယနေ့ပင်ရွေးချယ်လိုက်ပါ။ မေတ္တာတော်ရှေ့ထား၍ သင့်ကို ယနေ့သနားကရုဏာထားသော အရှင်တစ်ပါးရှိပါသည်။ ထိုအရှင်သည် ယေရှုခရစ်တော်ပင်ဖြစ် သည်။ ထိုအရှင်သည် သင့်နှလုံးသားတံခါးကို ယခုပင်ခေါက်လျက် နေသည်။ ယခုပင်လက်ခံ၍ သင်၏စိတ်နှလုံးတံခါးကို ဖွင့်ပေးခြင်း အားဖြင့် သင်၏ပူပန်စိုးရိမ်ခြင်းများအား ငြိမ်းအေးစေကြောင်း ခံ စားရပါလိမ့်မည်။ သင်သည် ကယ်တင်ခြင်း၏ ဝမ်းမြောက်သီချင်း ကိုပင် သီဆိုနိုင်လာပါလိမ့်မည်။

ဆိတ်ငြိမ်သောနေရာတွင် ကျွန်ုပ်နှင့်အတူ ဆုတောင်းပါ

“ ကောင်းကင်ဘုံအရှင်အဖ၊ ကိုယ်တော်ကို ကျေးဇူးတင်ပါ ၏။ ကိုယ်တော်သည် စကြာဝဠာတစ်ခုလုံးနှင့် လူသားတို့ကို ဖန် ဆင်းတော်မူသော ကယ်တင်ရှင်ဖြစ်ပါသည်။ ကျွန်ုပ်သည် အပြစ်ထဲ တွင် နှစ်ပေါင်းများစွာ နစ်မွန်းခဲ့ရသော်လည်း ကိုယ်တော်သည် ကျွန်ုပ်ကိုချစ်၍ ကျွန်ုပ်ကိုရှာဖွေခဲ့ပါသည်။ ကိုယ်တော်သည် ကျွန်ုပ် အပြစ်များအတွက် ကားတိုင်ပေါ်တွင် အသေခံခဲ့ပြီး သုံးရက်မြောက် သောနေ့၌ ပြန်လည်ရှင်ပြန်ထမြောက်ခဲ့ပါသည်။ ယခုတွင် ကိုယ် တော်သည် ခမည်းတော်ဘုရား၏ လကျ်ာတော်ဘက်၌ စံပယ်တော် မူပြီး ကျွန်ုပ်တို့အတွက် အသက်လမ်းတံခါးကို ဖွင့်ပေးတော်မူခဲ့ပါ သည်။ အကျွန်ုပ်အပြစ်သားကို သနားကရုဏာဖြင့် လက်ခံတော်မူ ပါ။

ကျွန်ုပ်အပြစ်များအတွက် နောင်တရလျက် ကိုယ်တော့်အား ကယ်တင်ရှင်နှင့် အရှင်သခင်အဖြစ် လက်ခံပါသည်။ ကျွန်ုပ်၏အ ပြစ်များကို ခွင့်လွှတ်လျက် လက်ခံတော်မူပါ။ ယေရှုခရစ်တော်၏ နာမတော်ဖြင့် ဆုတောင်းပါ၏။ အာမင်။”

ဘုရားသခင်ထံ ထိုသို့ ရိုးရှင်းစွာ ဆုတောင်းပြီးပါက သင် သည် ဘုရားသခင်ကို ယုံကြည်သောသူဖြစ်လာပြီ။ နီးစပ်ရာအသင်း တော်များ၌ ပါဝင်ပါ။ ပိုမိုသိရှိလိုပါက အောက်ပါလိပ်စာအတိုင်း ကျွန်ုပ်တို့ထံဆက်သွယ်ပါ။
“ ဘုရားသခင် ကောင်းကြီးပေးပါစေ”

သင်၏ဆုံးဖြတ်ချက်

  • ဤဝေစာကို ဖတ်ရှုခြင်းအားဖြင့် ယေရှုခရစ်တော်အကြောင်း ကို ကျွန်ုပ်ပိုမိုသိလိုပါသည်။
  • သမ္မာကျမ်းပိုင်းစာအုပ်ကို ပို့ပေးစေလိုပါသည်။
  • ဟောပြောချက်သတင်းစကားကို ဖတ်ရှုပြီးနောက် ယေရှု ခရစ်တော်ကို ကျွန်ုပ်၏ကယ်တင်ရှင်အဖြစ်လက်ခံလိုက်ပါပြီ အခမဲ့သမ္မာကျမ်းစာ စာပေးစာယူသင်ခန်းစာများကို ကျွန်ုပ် ထံပို့ပေးစေလိုပါသည်။
  • ကျွန်ုပ်သည် ခရစ်ယာန်တစ်ဦးဖြစ်ပါသည်. ဤဟောပြော ချက်ကို ဖတ်ရှုပြီးနောက် ကျွန်ုပ်၏အသက်တာကို ဘုရားရှင် ထံ ဆက်ကပ်လိုပါသဖြင့် မိတ်ဆွေ၏ ဧဝံဂေလိ ပြန့်ပွားရေး လုပ်ငန်း၌ ပါဝင်လှုပ်ရှားလိုပါသည်။
ဦး/ဒေါ်/မောင်/မ
အသက်
ကိုးကွယ်သည့်ဘာသာ
လိပ်စာ
တယ်လီဖုန်း
ပေးပို့ရမည့်လိပ်စာ
စာတိုက်သေတ္တာ (၃၈၅)၊ ဗဟိုစာတိုက်ကြီး၊ ရန်ကုန်မြို့။ ၁၁၀၆၂
Join With Us